ဘူးသီးတောင်  ဧပြီ  ၁၆

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် သင်္ကြန်အတက်နေ့ ယနေ့ နံနက်ပိုင်းမှစတင်ကာ ရေကစားမဏ္ဍပ်များ၌ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေပက်ခံထွက်သူ များဖြင့် စည်ကားလျက်ရှိသည်။

ဘူးသီးတောင်မြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို သင်္ကြန်ချစ်သူပြည်သူများမှ အေးချမ်း ပျော်ရွှင်စွာဖြင့် မော်တော်ယာဉ်များ၊ သုံးဘီးဆိုင်ကယ်များ၊ မော်တော်ဆိုင်ကယ်များဖြင့် ရေပက်ခံထွက် ၍ လူငယ်များအစုအဖွဲ့အလိုက်၊ မိသားစုအလိုက် သင်္ကြန်သီချင်းများ၊ မြူးမြူးကြွကြွတေးသီချင်းများ ဖွင့်ကာ ရေကစားလျက်ရှိကြသည်။

ရေကစားမဏ္ဍပ်များ၌လည်း ဖျော်ဖြေရေးအစီအစဉ်များဖြစ်သည့် သင်္ကြန်ယိမ်းအကအဖွဲ့များက ယိမ်းအကအလှများ ကပြဖျော်ဖြေခြင်း၊ သင်္ကြန်တေးသီချင်းများ၊ မြူးမြူးကြွကြွတေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်လျက်ရှိကာ လူငယ်များကလည်း လမ်းလျှောက် လှည့်လည်၍ ရေပက်ခံထွက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)