ဘဝအသိ နီတိအဖြာဖြာ မှတ်ဖွယ်ရာ စာအုပ်ထွက်ရှိ

၂၅ ဇူလိုင်

 

လူ့ဘဝတွင် အကျိုးရှိစွာနေထိုင်လိုသူများအတွက် စာရေးသူဦးဝမ်ထိန်စီစဉ်ရေးသားသည့် ဘဝအသိ နီတိအဖြာဖြာ မှတ်ဖွယ်ရာ စာအုပ်ထွက်ရှိလာသည်။

 

03

 

ရှေးလူကြီး မိဘဆရာသမားများဆိုမိန့်ခဲ့သော ဆုံးမဩဝါဒစကားများသည် သူတို့၏ နိစ္စဓူဝ နေ့စဉ်ကြုံတွေ့နေရသော လက်တွေ့ဘဝမှပေါ်ထွက်လာသော စကားလုံးများဖြစ်၍ မှန်ကန်သည်။ နီတိဟူသည်လောကထဲတွင် လူဖြစ်လာရသူတိုင်း လိုက်နာကျင့်သုံးအပ်သော လူ့ကျင့်ဝတ်များဖြစ်သည်။ ထိုလူ့ကျင့်ဝတ်များကို မလိုက်နာ၊ တာဝန်မဲ့စွာနေကြလျှင် လူတို့နေထိုင်ရာ ဤလောကကြီးသည်လည်း အကွပ်မရှိသော ကြမ်းပမာ ဖရိုဖရဲဖြစ်လာမည်ဖြစ်သည်။ ထို့ကြောင့် လူ့လောကကြီးတစ်ခုလုံး စည်းကမ်းတကျ ငြိမ်းချမ်းသာယာစွာ နေထိုင်လိုလျှင်လူတစ်ယောက်စီအတွက် လိုက်နာရန်လိုအပ်သည့် နီတိတရားများကိုလိုက်နာကျင့်သုံးရန်မှတစ်ပါး အခြားမရှိကြောင်း ရေးသားထားသည်။

 

ကြေးမုံ စာအုပ်စင်