ရန်ကုန် ၆ ဧပြီ
အိမ်ထောင်ရေး" ကံ" မကောင်းခဲ့ဘဲ ၈နှစ်အရွယ် သမီးငယ်လေးငယ်အတူ ဘဝ၏ ခါးသီးမှု ဒဏ်တွေကို ရင်ဆိုင်ဖြေရှင်းရင်း အိမ်ထောင်ရှင်အလှမယ်တစ်ဦးဖြစ်လာသူ ပွင့်ဖြူစိုး တစ်ယောက် Ms International Myanmar ဆုရှင်အဖြစ်ခဲ့ပြီးနောက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၉ ရက် နေ့က စင်ကာပူနိုင်ငံတွင် TKS N Sons PTE Ltd မှ ပြုလုပ်သော Miss Republic International 2017 ပြိုင်ပွဲ တွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော Single Mother အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၎င်းအနေဖြင့် ဆု၃ ဆု ရရှိခဲ့သဖြင့် ဂုဏ်ပြုမိတ် ဆက်ပွဲနှင့်စာနယ်ဇင်းအသိပေးပွဲကို ဧပြီ ၄ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကမ္ဘာအေး ဘုရားလမ်းရှိ Reno Hotel ၌ ပြုလုပ် သည်။
“ မြန်မာနိုင်ငံမှာ လက်ထပ်ထားပြီး သားသမီးရပြီးမှ အဆင်မပြေလို့ဘဲ ဖြစ်ဖြစ်၊ ခင်ပွန်းကွယ်လွန် သွားတာပဲဖြစ်ဖြစ် ၊ ကိုယ်ဝန်ဆောင်ထားပြီးမှ လက်မထပ်ဖြစ်တာဖြစ်ဖြစ် မိခင်ပီသစွာ သားသမီးတွေ မွေးခဲ့လိုသလို့ အိမ်ထောင်မရှိတော့ဘဲ မိခင်တစ်ဦးတည်း ရုန်းကန်နေတဲ့ Single Mother အမျိုးသမီး တွေ ဂုဏ်ပြုသောအားဖြင့် Ms Elegant ပြိုင်ပွဲကြီးကို ၂၀၁၇ တွင် အောင်မြင်စွာကျင်းပခဲ့ပါတယ်။
မြန်မာပြည်ရဲ့ ပထမဆုံး Single Mom ပွဲဖြစ်တဲ့အတွက် အချို့သော အမျိုးသားတွေဘက်ကနေ ဖုန်းဆက်ပြီး တားမြစ်တာမျိုး တရားစွဲမယ်ဆိုပြီးခြိမ်းခြောက်တာမျိုးလည်း ကြုံခဲ့ရပါတယ်။ ဒါပေမယ့် လည်း လှနုဆက်ပြီး ရှေ့တိုးခဲ့ပါတယ်။ ဒီ Single Momတွေထဲကနေ ၂၀၁၇ မှာ စင်ကာပူနိုင်ငံမှာ Ms International ပွဲကို ပထမဆုံး မြန်မာနိုင်ငံရဲ့ Single Mom Ms Myanmar အနေနဲ့ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူကတော့ ပွင့်ဖြူစိုးပါတယ်''ဟု Style Plus H မှ တည်ထောင်သူ လှနုထွန်းက ပြောသည်။
အဆိုပါ ပြိုင်ပွဲကို Style Plus H မှ ရွေးချယ်စေလွှတ်သည့် Miss International Myanmar ပွင့်ဖြူစိုး (Pwintcess) သည် Best Interview Award ၊ Ms Congeniality နှင့် Ms Intellect Beauty ဆုတို့ကို ရရှိခဲ့သည်။
''ကျွန်မက ပြင်ဆင်ချိန်တစ်နှစ်လောက်ရခဲ့ပေမယ့် အလုပ်ကိစ္စတွေနဲ့ မအားလပ်တော့ ပြင်ဆင် ချိန် သိပ်မရခဲ့ဘူး။ ကျွန်မအလှမယ်ဖြစ်ချင်လို့ ပြိုင်ပွဲဝင်ပြိုင်တယ်။ပြီးတော့ Single Mom တို့ တစ်ခု လပ် တို့ဆိုရင် ပတ်ဝန်းကျင်မှာ တစ်မျိုး မြင်ကြတယ်။ Single Mom ဆိုပြီး ရဲရဲဝံ့ဝံ့ ရပ်တည်ပြီး ဝါသနာ ပါတာတွေလုပ်မယ် ။သားသမီးကို ကောင်းကောင်းမွန်မွန်ပြုစုပျိုးထောင်မယ်။ဒါမျိုးကို ကျွန်မတို့လို Single Momတွေအတွက် လုပ်ပြချင်လို့ သွားရောက်ပြိုင်ခဲ့တာပါ။
ကျွန်မ အနေနဲ့ အိမ်ထောင်ရေးကံ မကောင်းခဲ့ပါဘူး။ ကျွန်မ အဲ့အတွက် စိတ်ဓာတ်မကျဘဲ သမီးလေး နဲ့ အတူဘဝကို ဖြတ်သန်းရင်ဆိုင်ခဲ့ပါတယ်၊ ကျွန်မ ဘဝကိုဘယ်တော့မှ အရူံးမပေးဘဲ ရင်ဆိုင်ဖြတ် သန်းမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ နေလာခဲ့ပြီး အခုလို ပြိုင်ပွဲလေးလုပ်မယ်ဆိုတာကိုသိရတော့ ကျွန်မ အရမ်းဖြစ်ချင်တဲ့ အလှမယ်တစ်ယောက်ဖြစ်ခွင့်ရတော့မယ်ဆိုပြီး ယုံကြည့်ချက်နဲ့ ကျွန်မ မလှနုထွန်း တို့ လုပ်တဲ့ ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
ကျွန်မ မိဘတွေကတော့ကန့်ကွက်ကြတာပေါ့။ သူတို့က အနေအေးကျတဲ့သူတွေဆိုတော့ ဒါတွေ အားမပေးဘူး ။ ကျွန်မလည်း မရဘူးအတင်းပြိုင်တာပဲ၊ သူတို့တားနေတဲ့ကြားက အခုလို ဆုတွေရတဲ့ အထိ ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်၊ ကျွန်မ ပြောချင်တာကတော့ ကျွန်မလို့ အိမ်ထောင်ရေး ကံမကောင်းတဲ့ အမျိုးသမီးတွေ စိတ်ဓာတ်မကျဖို့ ၊ကိုယ့်ဘဝကို အလှဆုံးဖြတ်သန်းနိုင်ဖို့ ဆိုတဲ့ စိတ်ဓာတ်လေးတွေ မြှင့်တင်ပေးချင်တဲ့ဆန္ဒကြောင့်ယှဉ်ပြိုင်ဖြစ်ခဲ့တာပါ။ အခုလည်း ကျွန်မ NGO အဖွဲ့အစည်းမှာ လူမှုရေး လုပ်ငန်းဆိုင်ရာ တွေ ကိုလုပ်ကိုင်နေပါတယ် "ဟု အိမ်ထောင် ရှင်အလှမယ် ပွင့်ဖြူစိုးက ပြောသည်။
ကိုလင်း