ဟဲဟိုး ၁၀ နိုဝင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်လေးလုံးကျေးရွာအနီးရှိ သာစည်-ရွှေညောင် ရထားလမ်း၏ လမ်းပိုင်းတစ်နေရာဖြစ်သည့် ဘဝသံသရာတံတားတွင် အမှတ်တရ ဓာတ်ပုံရိုက်သူများနှင့် ရထားလမ်းပေါ်သို့ လမ်းလျှောက်သူများဖြင့် အစိုးရရုံးပိတ်ရက်များဖြစ်သည့် ယနေ့၌ ပျော်ရွှင်စွာ လာရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။
အဆိုပါတံတားသည် ၁၉၂၇ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ဟဲဟိုးမြို့နှင့် ညောင်ရွှေမြို့အကြား တောင်လေးလုံး ကျေးရွာအနီးတည်ရှိကာ တံတားအရှည် ပေ ၂၀ဝ၊ တံတားအမြင့် ၆၂ ပေ ဖြစ်ကြောင်း သိရသည်။
စံထိုက်လင်း


