၁၈ စက်တင်ဘာ 

 

 MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေသည့် ‘မိုးကောင်းကင် အိပ်မက်များ’ ဇာတ်လမ်းတွဲထဲက  နေခြည်ဝင့်ထည် ဟု အမည်ရသည့်  ခပ်ဆိုးဆိုး အမျိုးသမီးလေးအဖြစ်၊ ဗီလိန်ကာရိုက်တာကို ပီပြင်စွာ သရုပ်ဆောင်ထားသူ အေးမြတ်သူ၊ ပထမဆုံး ကာရိုက်တာဖြစ်တာကြောင့် ၊ဘယ်လို ခံစားချက်တွေရှိလည်းဆိုတာနှင့် ပတ်သက်ပြီး

 

  ”တော်တော် များများကလည်း သဘောကျကြတယ်။ တချို့ကလည်း မကြိုက်ကြဘူး။ တချို့ကလည်း ဒီကာရိုက်တာကို မလုပ်စေချင်ကြဘူး။ တချို့ကလည်း ကိုယ့်ကို တအားမုန်းသွားကြတယ်။ အေးမြတ်သူ တအားသဘောကျပါတယ်။ ပရိသတ်မုန်းရင် အေးမြတ်သူ ပျော်ပါတယ်။ အဲဒီထဲမှာ အေးမြတ်သူက မုန်းအောင်သရုပ်ဆောင်ရတဲ့ သရုပ်ဆောင်ဖြစ်နေတာကိုး။ နေခြည်ဝင့်ထည် ကာရိုက်တာကို ဘာကြောင့် လက်ခံပြီးရိုက်လဲလို့ မေးလာခဲ့ရင် အေးမြတ်သူက ကာရိုက်တာကိုမကြည့်ဘဲ ပရိသတ်မျက်နှာကိုပဲ ကြည့်လိုက်တာပါ။ ဗီဒီယိုဇာတ်ကားတွေ ရှားပါးနေချိန်မှာ ဒီဇာတ် လမ်းတွဲက တစ်ပတ်မှာ တနင်္လာနေ့ကနေ သောကြာ နေ့အထိ ကိုယ်ချစ်တဲ့သူတွေနဲ့ အမြဲ ထိတွေ့ခွင့်ရမယ်။ အဲဒီတော့ ကာရိုက်တာကြမ်းတာ မကြမ်းတာ ဂရုမစိုက်အားဘူး။ ကိုယ်ချစ်တဲ့သူတွေနဲ့ နေ့တိုင်းနီးပါး အနီးကပ်နေခွင့်ရ မယ်ဆိုတဲ့ စိတ်တစ်ခုနဲ့ ဒီဇာတ်ကားထဲက နေခြည်ဝင့်ထည် ကာရိုက်တာကို မျက်စိစုံမှိတ်ပြီး လက်ခံခဲ့ပါတယ်။ ပြီးတော့ တစ်ဆုံးလည်း ကောက်ကောက် ကျစ်ကျစ်ယုတ်ယုတ်မာမာ အိုက်တင်တွေနဲ့ အမုန်းခံအောင်လုပ်လိုက်တယ်။ ဘာပဲပြောပြော နေခြည်ဝင့် ထည်ကို အားပေးတဲ့အတွက် ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ နေခြည်ဝင့်ထည်ကသာ ယုတ်မာတာပါ မမြတ်လေးက ချစ်စရာကောင်းပါတယ်”ဟု  အေးမြတ်သူက ပြောသည် ။

 

ယင်းအနေဖြင့် လတ်တလောတွင်  မင်းဦး ဒါရိုက်တာအဖြစ် ရိုက်ကူးထားသည့်  ‘ချူဆီ’ ရုပ်ရှင်ဇာတ် ကားကြီးတွင်  ပါဝင်သရုပ်ဆောင်ထားသည့် ကာရိုက်တာနှင့် ပတ်သက်ပြီး ပရိသတ်တွေ ဝေဖန်အကြံပေးမှုကို မျှော်လင့်နေကြောင်း ပြောသည် ။

ကိုလင်း