နေပြည်တော် ၁၇  ဇွန်

မြန်မာနိုင်ငံ၌ အလုပ်သဘောခရီးရောက်ရှိနေသည့် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတ နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပေါလစ်ဗျူရိုကော်မတီအဖွဲ့ဝင် Mr. Vuong Dinh Hue နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ မြန်မာ့ကျောက်မျက်ရတနာပြတိုက်သို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။

 

mdn

 

ရှေးဦးစွာ ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးသို့ ရောက်ရှိကြပြီး ဥပ္ပါတသန္တိစေတီတော်လိုဏ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ကာ အလှူငွေများပေးအပ်လှူဒါန်းကြသည်။

 

mdn

 

ဆက်လက်၍ ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့သည်  မြန်မာ့ကျောက်မျက် ရတနာပြတိုက်သို့ သွားရောက်၍ ကျောက်မျက်ပြခန်းဆောင်နှင့် ကျောက်မျက်ရတနာဈေး တို့တွင် ပြသထားသော မြန်မာနိုင်ငံထွက် အဖိုးတန်ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲ၊ ငွေထည်နှင့် သယံဇာတများကို ကြည့်ရှုလေ့လာကြသည်။

(သတင်းစဉ်)