၂၃ မေ

 


ဗီယက်နမ်နိုင်ငံတောင်ပိုင်း ဒေါင်နေပြည်နယ်တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကာ ခရီးသည်နှစ်ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဗီယက်နမ်သတင်းဌာနက ယနေ့ ဖော်ပြထားသည်။

 


အဆိုပါယာဉ်မှာ ယမန်နေ့ ညနေပိုင်းက  ဟိုချီမင်းမြို့မှ ဘင်းဒင်းပြည်နယ်အလယ်ပိုင်းသို့ သွားရာလမ်းပေါ်တွင် တိမ်းမှောက်ခဲ့ရာ ဘင်းဒင်း ပြည်နယ် မှ ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် သူ၏ နှစ်နှစ်အရွယ် သမီး တို့ သေဆုံးသွားပြီး အခြား ၁၇ ဦး ဒဏ်ရာရရှိခဲ့သည်။

 


ကနဦး စုံစမ်းစစ်ဆေးချက်အရ ၎င်းယာဉ်မောင်းနှင်သည့် ဘင်းဒင်းပြည်နယ်မှ  ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်းနှင့်  မိိုးရွာသွန်းမှုကြောင့် လမ်းချော်ကာ ယာဉ်အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 


ယခုနှစ်ပထမလေးလအတွင်း ယာဉ်မတော်တဆမှုများ ၆၀၂၀ဦး  ရှိပြီး သေဆုံးသူ ၂၇၈၈ ဦး ၊ ဒဏ်ရာအများအပြားရသူ ၁၅၇၆ ဦး နှင့် အနည်းငယ်ဒဏ်ရာရသူ ၃၀၆၀ ဦး ရှိကြောင်း ဗီယက်နမ်ယာဉ်ထိန်းရဲဌာန သတင်းဖော်ပြထားသည်။

 


ကိုးကား - ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို