ဗီယက်နမ် နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုး ကုသရန် အားကစားကွင်းကို ယာယီဆေးရုံအဖြစ် ပြောင်းလဲ

၆ ဩဂုတ်

 

 

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းရှိ ဒါနန်းမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး တွေ့ရှိသူများလာတဲ့တွက် ရောဂါရှင်တွေကို ကုသရန် အားကစားရုံ တစ်ခုကို ဩဂုတ် ၂ ရက်ကစပြီး ယာယီဆေးရုံအဖြစ် ပြောင်းလဲခဲ့ပါတယ်။

 

 

ဒါနန်း အားကစားရုံမှာ ဆေးရုံသုံး အခြေခံ ပစ္စည်းတွေ ပါရှိတဲ့ ခုတင် ၂,ဝ၀ဝ ဆံ့ ယာယီဆေးရုံအဖြစ် ဩဂုတ် ၅ ရက်မှာ အပြီးသတ် ပြောင်းလဲနိုင်ကြောင်း သိရပါတယ်။

 

 

ဗီယက်နမ် နိုင်ငံမှာ နိုင်ငံတွင်း ဗိုင်းရပ်စ်ပိုး ကူးစက်မှု မရှိခဲ့တာ ရက် ၁၀ဝ နီးပါး အကြာတွင် ဒါနန်းမြို့မှာ ဗိုင်းရပ်စ်ပိုးကို စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါနန်းမြို့တွင် ဇူလိုင် ၂၅ ရက်ကစပြီး ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁၈၀ ကျော်သွားပြီး ဇူလိုင် ၃၁ ရက်မှာတော့ ကပ်ရောဂါကြောင့် ပထမဦးဆုံး တစ်ဦး သေဆုံးခဲ့ပါတယ်။

 

 

ဒါနန်း မြို့တွင်းမှာ ပြေးဆွဲနေတဲ့ အများသုံး ယာဉ်တွေဟာ ရပ်ဆိုင်းလိုက်သလို မြို့ခံလူဦးရေ ၁ ဒသမ ၁ သန်းကို အိမ်တွင်းမှာ နေထိုင်ရန် အမိန့်ထုတ်ပြန် ထားပါတယ်။

 

 

ဗီယက်နမ် ကျန်းမာရေးဝန်ကြီးက နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိသူ ၇၁၇ ဦး ရှိခဲ့ပေမယ့် ၃၈၁ ဦးက ပြန်လည် ကျန်းမာတဲ့အတွက် ဆေးရုံမှ ဆင်းခွင့်ရကြောင်း၊ ကပ်ရောဂါပိုးကြောင့် ၉ ဦး သေဆုံးကြောင်း ဒီနေ့(ကြာသပတေးနေ့)မှာ အတည်ပြု ပြောကြားပါတယ်။ ဗိုင်းရပ်စ်ပိုး တွေ့ရှိရာ ဒေသတွေကတော့ ဒါနန်း၊ ဘက်ဂိုင်အန်း၊ လန်ဆွန်၊ ဟန္နိုင်းနဲ့ ကွမ်နန် တို့ဖြစ်ကြောင်း ထည့်သွင်း ပြောကြားပါတယ်။

 

 

MDN

ကိုးကား - AFP