ဗီယက်နမ် တီဘီရောဂါ ဖြစ်ပွားသူ နှစ်စဉ်လူပေါင်းတစ်သောင်းနှစ်ထောင် သေဆုံး

၂၅ မတ်

ဗီယက်နမ်နိုင်ငံတွင် နှစ်စဉ်တီဘီရောဂါ ဖြစ်ပွားသူ တစ်သိန်းနှစ်သောင်းလေးထောင်ရှိရာတွင် ထိုရောဂါကြောင့် သေဆုံးသူ တစ်သောင်းနှစ်ထောင်ခန့်ရှိကြောင်း ပြည်တွင်းမီဒီယာက ယနေ့သတင်းထုတ်ပြန်ခဲ့သည်။

ဗီယက်နမ်နိုင်ငံသည် တီဘီရောဂါဖြစ်ပွားမှုနှုန်းမြင့်မားသည့် ကမ္ဘာ့ထိပ်ဆုံးရှိ ဒေသများနှင့် နိုင်ငံပေါင်း ၃၀ တွင်ရှိပြီး တီဘီလူနာအရေအတွက်အားဖြင့် အဆင့် ၁၆ တွင် ရှိနေကြောင်း အမျိုးသား အဆုတ်ဆေးရုံ၏ ညွှန်ကြားရေးမှူး ငုယင်ဗီယက်နောင် ပြောကြားချက်ကို ကိုးကားပြီး ဗီယက်နမ်နေ့စဉ်ထုတ်သတင်းစာတွင် ဖော်ပြထားသည်။

ဗီယက်နမ်လူမျိုး ၇၀ ရာခိုင်နှုန်းကျော်မှာ အလုပ်လုပ်ကိုင်သောအရွယ်တွင် တီဘီရောဂါသည်များ ဖြစ်နေကြသောကြောင့် အထူးသဖြင့် မိသားစု အသီးသီး၏ စီးပွားရေးကို ထိခိုက်စေသဖြင့် တီဘီရောဂါသည် ပြဿနာတစ်ခု ဖြစ်ပါကြောင်း ငုယင်ဗီယက်နောင် က ပြောကြားခဲ့သည်။

၂၀၃၀ ခုနှစ်တွင် တီဘီရောဂါ အမြစ်ပြတ်ရေး ရည်မှန်းချက် သတ်မှတ်ခဲ့ကြောင်း သိရသည်။

ဘာသာပြန် - မြင့်မြင့်ချို
ကိုးကား-ဆင်ဟွာ