၉ ဖေဖော်ဝါရီ
ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းမှာ ဟဂျန် တောင်တန်းတွေပေါ်မှာ နေထိုင်ကြတဲ့ မုန်းလူမျိုးတွေက တချိန်က ရွှေခေတ်ကို သတိရနေကြပါတယ်။ ဒီထဲမှာ မုန်းလူမျိုး ဘိန်းဘုရင်ရဲ့ မြေး ဗန်ဇီဘောင် လည်းပါဝင်ပါတယ်။ ဗန်ဇီဘောင်က သူတို့မိသားစုပိုင်တဲ့ နန်းတော်ကို အစိုးရက သိမ်းပိုက်လိုက်ပြီး အခုတော့ ခရီးသွားတွေကို စွဲဆောင်တဲ့နေရာအဖြစ် အသုံးပြုနေကြောင်း ရှင်းပြပါတယ်။
“သူတို့အိမ်ပုံစံဆိုတာ လွန်ခဲ့တဲ့ နှစ်တစ်ရာကျော် ၁၉၀၃ ခုနှစ်က မုန်းလူမျိုးတွေရဲ့ အိမ်ပုံစံအတိုင်း ဆောက်ထားတာဖြစ်တယ်။ အစိုးရဲ့ ခရီးသွားလုပ်ငန်းကို စီမံခန့်ခွဲနေပုံ ကို သူ့အနေနဲ့ မကြိုက်ကြောင်း သူတို့အိမ်ရဲ့ ဆောက်လုပ်ရေးပုံစံ နဲ့ အိမ်ထဲမှာပါတဲ့ အနုပညာပစ္စည်းတွေ အကြောင်း၊ အိမ်တွေ ဘာကြောင့် ရှိနေသေးတယ်ဆိုတာကို ခရီးသွားတွေအား ရှင်းမပြဘူး။ မုန်းတွေရဲ့ ရိုးရာတွေကို ဖုံးကွယ်ထားသလိုဖြစ်နေတယ်”လို့ ဗန်ဇီဘောင် က ပြောပါတယ်။
မုန်းလူမျိုးတွေဟာဗီယက်နမ်ဗဟိုအစိုးရနဲ့ ဆက်ဆံရေးမကောင်းတာကိုတွေ့ရပါတယ်။ ဗီယက်နမ် စစ်ပွဲမှာ ကွန်မြူနစ်ဝါဒကို ဆန့်ကျင်တဲ့ လာအိုနိုင်ငံက မုန်းတွေဟာ အမေရိကန် CIA ရဲ့ စုဆောင်းခြင်းကို ခံခဲ့ရသူတွေဖြစ်ခဲ့ဖူးပါတယ်။ ဒီလိုအခြေအနေကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ တောင်းဆိုမှုတွေမှာ မအောင်မြင်တာများပါတယ်။ ဗီယက်နမ်ရဲ့ ခွဲခြားခံရတဲ့ လူနည်းစုမုန်းလူမျိုးတွေဟာ ဖွံ့ဖြိုးရေးလုပ်ဆောင်ဖို့အတွက် ကန့်သတ်ခံထားရကြောင်း ရှေးဟောင်းသုတေသနပညာရှင် နအိုတန် က ပြောပါတယ်။
ဗီယ်နမ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုထဲမှာ မုန်းလူမျိုးတွေကို ဖယ်ထုတ်ခံထားရပါတယ်။ မုန်းလူမျိုး လူဦးရေ တစ်သန်းလောက်ထဲက ၆၀ ရာခိုင်နှုန်းဟာ ဆင်းရဲကြပါတယ်။ မုန်းလူမျိုးတွေရဲ့ စုစည်းမှုစိတ်ဟာ အတူတူတည်ဆောက်တယ် အတူတူထိန်းသိမ်းတယ် ဘယ်သူကမှ လာပြီး ချိုးဖျက်လို့မရဘူးလို့ မုန်းဒေသခံက ပြောပါတယ်။ ၂၀၁၁ ခုနှစ်က မုန်းလူမျိုးတွေက ခွဲထွက်ခွင့် တောင်ဆိုတဲ့အတွက် စစ်တပ်လွတ်ပြီး နှိမ်နင်းခံရဖူးပါတယ်။
ဟဂျန် ဒေသဆိုင်ရာ အာဏာပိုင်တွေက ၂၀၃၀ အရောက်မှာ ဒီဒေသဟာ ခရီးသွားတွေရဲ့ စိတ်ဝင်စားမှု အရဆုံးနေရဖြစ်ရမယ်လို့ ဆိုပါတယ်။
MDN
ကိုးကား- AFP