ဟနွိုင်း ဖေဖော်ဝါရီ ၈
ဗီယက်နမ်နိုင်ငံတွင် ဖေဖော်ဝါရီ ၇ ရက်က ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ ၁၆၈၁၅ ဦး ရှိလာကြောင်း ဖော်ပြခဲ့ပြီး ပြည်ပ ကူးစက်ဖြစ်ပွားသူ ခြောက်ဦးနှင့် ပြည်တွင်း ကူးစက်ဖြစ်ပွားသူ ၁၆၈၀၉ ဦးဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာသည်။
ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားမှုနှင့်အတူ နိုင်ငံတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၂၃၅၈၇၈၆ ဦးအထိ ရှိလာ ပြီး ၃၈၄၂၄ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနကဆက်လက် သတင်းထုတ်ပြန် ဖော်ပြခဲ့သည်။
ကိုဗစ်-၁၉ အစုလိုက်ကူးစက်မှုများအနက် ဗီယက်နမ်မြို့တော် ဟနွိုင်းသည် ကိုဗစ်-၁၉ အစုလိုက် ကူးစက်ဖြစ်ပွားမှု အများဆုံးဖြစ်ကာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂၉၈၈ ဦး၊ အလယ်ပိုင်း ငါအန်း ပြည်နယ်တွင် ၁၂၄၇ ဦး၊ အလယ်ပိုင်း ဒါနန်ပြည်နယ်တွင် ၉၃၅ ဦး တို့ ဖြစ်ကြသည်။
တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု မှ ပြန်လည်ကောင်းမွန်လာသူ ၂၁၂၂၃၈၀ ရှိလာပြီ ဖြစ်သည်။တတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူ ၂၉ သန်း အပါအဝင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူ ၁၈၂ ဒသမ ၄ သန်းရှိလာပြီ ဖြစ်သည်။ ဗီယက်နမ်နိုင်ငံသည် ကိုဗစ်-၁၉ လှိုင်းဂယက် လေးကြိမ် ရိုက်ခတ်ခံခဲ့ရသည်။ ။
လွန်ခဲ့သောနှစ်ဧပြီနှောင်းပိုင်း လက်ရှိ ကိုဗစ်-၁၉ လှိုင်း စတင်ကတည်းက ဖေဖော်ဝါရီ ၇ ရက် အထိ ပြည်တွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂ ဒသမ ၃၅ သန်း ရှိလာခဲ့သည်။
ဆင်ဟွာ