mdn

၂၁ ဇွန်


၂၀၁၉ ခုနှစ် ဇူလိုင် ၄ရက်မှ ၇ ရက်အထိ  ဗီယက်နမ်နိုင်ငံ KM CAM RANH Golf Links (KHANH HOA) ၌ ကျင်းပမည့်  15th VIETNAM AMATEUR OPEN 2019 ပြိုင်ပွဲနှင့် 8th VIETNAM LADIES AMATEUR OPEN 2019 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် မြန်မာဂေါက်သီးရိုက်ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်မှ လက်ရွေးစင်ကစားသမား ခြောက်ဦးသည် ပြိုင်ပွဲနှစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး  15th VIETNAM AMATEUR OPEN 2019 ပြိုင်ပွဲတွင် မြန်မာ အမျိုးသား ဂေါက်သီးအားကစားသမားများဖြစ်သော လှိုင်မင်းထက်၊ ရာဇာအောင်၊ ပြည့်ဖြိုးသူ၊ သီဟမျိုးဆက်နှင့် 8th VIETNAM LADIES AMATEUR OPEN 2019 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အမျိုးသမီး ဂေါက်သီးအားကစားသမား များဖြစ်ကြသော ဖူးပွင့်ရတီခိုင်နှင့် သင်းဝေခိုင်တို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာအမျိုးသမီး ဂေါက်သီးရိုက်ကစားသမားများသည် ယင်းပြိုင်ပွဲမတိုင်မီ စင်ကာပူနိုင်ငံ Sentosa Golf Club ၌ ၂၀၁၉ခုနှစ် ဇွန် ၁၇ ရက်မှ ၂၀ ရက်အထိ ကျင်းပသော 30th SINGAPORE LADIES AMATEURGOLF CHAMPIONSHIP 2019 ဂေါက်သီးရိုက်ပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ 

ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကစားသမားသုံးဦးဖြင့် ယှဉ်ပြိုင်ခဲ့ပြီး ဖူးပွင့်ရတီခိုင်က အဆင့် ၉၊ သင်းဝေခိုင်က အဆင့် ၂၈ နှင့် Fiona Khaing က အဆင့် ၃၄ တို့ အသီးသီးရရှိခဲ့သည်။ ယင်းပြိုင်ပွဲတွင် နိုင်ငံပေါင်း ၂၀ ကျော်မှ ဂေါက်သီးရိုက်ကစားသမား ၆၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

သတင်း - ဖိုးသော်ဇင်
ဓာတ်ပုံ - ဂေါက်သီးအဖွဲ့ချုပ်