ဟိုချီမင်း အောက်တိုဘာ ၃၁

ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံး မြို့ဖြစ်သော ဟိုချီမင်းမြို့ရှိ စားသောက်ဆိုင်များသည် လေးလကျော် ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည် ဖွင့်လှစ်နေပြီဖြစ်သည်။

အောက်တိုဘာ ၂၈ ရက်မှ စတင်ကာစားသောက်ဆိုင်များနှင့် ကော်ဖီဆိုင်များ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သည်။ ည ၉ နာရီ မတိုင်မီအချိန်အထိ ဖွင့်လှစ်နိုင်ကြောင်း သိရသည်။ အရက်ရောင်းချမှုကိုမူ အချို့ သောနေရာများတွင်သာ ခွင့်ပြုပေးထားသည်။ လာရောက်စားသုံးသူပမာဏကိုလည်း ကပ်ရောဂါမတိုင်မီက လူဦးရေ၏ တစ်ဝက်နီးပါးကိုသာ ခွင့်ပြုပေးထားသည်။ နေ့စဉ်ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမှာ မကြာသေးမီကာလအတွင်း ၃၀၀၀ မှ ၄၀၀၀ အထိလျော့ကျလာခဲ့သည်။ ဩဂုတ်လအတွင်းက နေ့စဉ်ကူးစက်မှုနှုန်းမှာ ၁၀၀၀၀ နီးပါးရှိခဲ့ရာ သိသိသာသာ ကူးစက်မှုကျဆင်းသွားခြင်းပင် ဖြစ်သည်။

တင်းကျပ်သည့် စည်းကမ်းများကြောင့် စီးပွားရေးကိုထိခိုက်စေခဲ့သည်။ ဗိုင်းရပ်စ်ကူးစက်မှု လျှော့ချရေးနှင့် စီးပွားရေး ပြန်လည်ရှင်သန်စေရေးတို့အကြား မျှမျှတတလုပ်ဆောင်နိုင်ရေးအတွက် အစိုးရက ကြိုးပမ်းလျက် ရှိသည်။

အင်န်အိတ်ချ်ကေ