နိုဝင်ဘာ ၁၀

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်တွင် သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုမြင့်မားလာသဖြင့် သတိပေးချက်ထုတ်ပြန် ထားကြောင်း ဒေသန္တရမီဒီယာက ယမန်နေ့က ဖော်ပြထားသည်။

မြို့တော်တွင် စက်တင်ဘာလအတွင်း သီတင်းပတ်တစ်ပတ်လျှင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ၅၀၀မှ ၇၀၀ အထိရှိပြီး အောက်တိုဘာလကုန်ပိုင်းတွင် ထိုရောဂါဖြစ်ပွားသူဦးရေ ၁၂၀၀ မှ ၁၄၀၀ အထိရှိလာသည်ဟု ဗီယက်နမ်သတင်းဌာနကရေးသားထားသည်။

ထိုမြို့တော်တွင် ယခုနှစ်ယခုချိန်အထိ သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရသူ ၁၀၀၀၀ နီးပါးဖြင့် စံချိန်တင် ကူးစက်မှုဖြစ်လာကြောင်း သိရသည်။

အဆိုပါရောဂါကူးစက်မှုအရေအတွက်သည် ၂၀၂၁ ခုနှစ် အလားတူကာလက ယင်းရောဂါကူးစက်ဖြစ်ပွားမှု၏ သုံးဆနီးပါး ရှိသည်ဟု ဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံတွင် ယခုနှစ်အစပိုင်းမှစတင်ကာ ယနေ့အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၉၂၄၃၉ ဦးရှိပြီး ယင်းရောဂါဖြင့်သေဆုံးသူ ၁၁၂ ဦး ရှိကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို