ဟနွိုင်း ဇန်နဝါရီ ၂၆
ဗီယက်နမ်နိုင်ငံ၌ ဇန်နဝါရီ ၂၅ ရက်က ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ ၁၅၇၄၃ ဦး ရှိလာကြောင်း ဖော်ပြခဲ့ပြီး ပြည်ပကူးစက်ဖြစ်ပွားသူ ၄၄ ဦးနှင့် ပြည်တွင်း ကူးစက်ဖြစ်ပွားသူ ၁၅၆၉၉ ဦးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာသည်။ ။
ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားမှုနှင့်အတူ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ပေါင်း ၂၁၇၁၅၂၇ ဦးအထိ ရှိလာပြီး ၃၇၀၁၀ သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆက်လက်သတင်း ထုတ်ပြန်ဖော်ပြခဲ့သည်။
ဗီယက်နမ်မြို့တော် ဟနွိုင်းသည် ဒေသတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အမြင့်ဆုံးဖြစ်ကာ ဇန်နဝါရီ ၂၅ ရက်က ကိုဗစ် -၁၉ ကူးစက်ဖြစ်ပွားသူ ၂၉၅၆ ဦး ရှိခဲ့သည်။ ထို့နောက် ဒါနန်မြို့တွင် ၉၈၆ ဦးနှင့် မြောက်ပိုင်း ဟိုင်ဖွန်မြို့တွင် ၇၀၄ ဦး ရှိခဲ့သည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကျန်းမာလာသူ ၁၉၀၄၀၆၉ ဦးရှိလာပြီး တတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးသူ ၂၄ ဒသမ ၆ သန်း အပါအဝင် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူပေါင်းမှာ လည်း ၁၇၇ ဒသမ ၄ သန်း ကျော်လွန်လာပြီဖြစ်သည်။ ဗီယက်နမ်နိုင်ငံသည် ပြင်းထန်သည့်နှုန်းဖြင့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု လှိုင်းဂယက် လေးခုလုံး၏ ရိုက်ခတ်ခြင်းကို ယခုအချိန်အထိ ခံနေရဆဲဖြစ်သည်။ လွန်ခဲ့သော နှစ်ဧပြီလနှောင်း ပိုင်းမှစတင်ဖြစ်ပွားခဲ့သည့် လက်ရှိ ကိုဗစ်-၁၉ လှိုင်းဂယက်ကြောင့် ပြည်တွင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူပေါင်း ၂ ဒသမ ၁၆ သန်း ရှိခဲ့သည်။
ဆင်ဟွာ