ဗီယက်နမ်နိုင်ငံ သစ်အချောထည်ကုမ္ပဏီ၌ ပေါက်ကွဲမှုကြီးဖြစ်ပွားသဖြင့် ငါးဦးဒဏ်ရာရ၊ ငါးဦးထက်မနည်းသေဆုံး

မေ ၂

ဗီယက်နမ်နိုင်ငံတောင်ပိုင်း Dong Nai ပြည်နယ်ရှိ သစ်အချောထည်ကုမ္ပဏီတွင် ပေါက်ကွဲမှုကြီးဖြစ်ပွားပြီးနောက် ယနေ့မနက်ပိုင်းတွင် ငါးဦးထက်မနည်းသေဆုံးခဲ့ကြောင်း မီဒီယာကဖော်ပြထားသည်။ အဆိုပါမတော်တဆမှုသည် ဒေသစံတော်ချိန် မနက် ၈နာရီ ၃၀ မိနစ်က ထိုပြည်နယ် Vinh Cuu ခရိုင်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုပေါက်ကွဲမှုသည် ဘွိုင်လာအိုးချို့ယွင်းမှုကြောင့်ဖြစ်သည်ဟုယူဆရသည်။ သေဆုံးသူငါးဦးအပါအဝင် ဒဏ်ရာရသူ ၁၀ ဦးကျော်ရှိကြောင်း ဗီယက်နမ်သတင်းအေဂျင်စီကဖော်ပြထားသည်။ စိုးရိမ်ရလူနာတစ်ဦးအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူငါးဦးသည် ပြည်နယ်ဆေးရုံတွင် ကုသမှုခံယူခဲ့သည်။ ယင်းမတော်တဆဖြစ်ပွားမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများလုပ်ဆောင် လျက်ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို