ဟနွိုင်း   ဇွန်   ၁၇

ဗီယက်နမ်နိုင်ငံတွင်     တိုင်ဖွန်း မုန်တိုင်း ဝူတစ်(Wutip)  ကြောင့် ဖြစ်ပေါ်ခဲ့သည့်  မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများ ကြောင့် နိုင်ငံအလယ်ပိုင်းတွင် လူ ခုနစ်ဦး  သေဆုံးပြီး  စိုက်ပျိုးရေး လုပ်ငန်းများ   ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့သည်ဟု ဗီယက်နမ်  နယူးအေဂျင်စီက  ဇွန်  ၁၇  ရက်တွင် အစီရင်ခံဖော်ပြထားသည်။

ကွန်ဘင်ပြည်နယ်မှ လေးဦးနှင့် မုန်တိုင်းကြောင့်  ကွန်ထရီပြည်နယ်မှ သုံးဦး သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ဆည်မြောင်းစီမံခန့်ခွဲမှုနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။   ရေကြီးရေလျှံမှုကြောင့် ဟက်တာ ၃၃၀၀၀ ကျော်ရှိ စပါး စိုက်ခင်းများ  ရေနစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒေသဆိုင်ရာ အာဏာပိုင်များသည် သဘာဝဘေးဒဏ်သင့် မိသားစုများနှင့် သွားရောက်တွေ့ဆုံခဲ့ပြီး ပြန်လည်ထူထောင်ရေး   ကြိုးပမ်းအားထုတ်မှုများကို ကူညီရန်နှင့်  ပုံမှန်လူမှုဘဝအခြေအနေသို့     ပြန်လည်ရောက်ရှိရေးအတွက် ဒေသခံများအား ကူညီပံ့ပိုးရန် အရေးပေါ်တပ်ဖွဲ့ဝင်များကို စေလွှတ် ထားသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

ဆင်ဟွာ