ဩဂုတ် ၁၄

 ဗီယက်နမ်နိုင်ငံ၏ သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုသည် ၂၀၂၄ ခုနှစ် ပထမ ခုနစ်လအတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံရှိရာ လွန်ခဲ့သောနှစ်ကထက် ၂၃ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သစ်သီးနှင့်ဟင်းသီးဟင်းရွက်အဖွဲ့အစည်း၏ပြောကြားချက်ကိုကိုးကားပြီး ဗီယက်နမ်သတင်းဌာနက ယမန်နေ့က ဖော်ပြထားသည်။

အဆိုပါကာလအတွင်း သစ်သီးနှင့် ဟင်းသီးဟင်းရွက်လုပ်ငန်းက ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံ ရရှိခဲ့သည်ဟု သိရသည်။

သစ်သီးနှင့်ဟင်းသီးဟင်းရွက်တင်ပို့မှုတန်ဖိုး၏ ၈၀ ရာခိုင်နှုန်းသည် ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့ကဲ့သို့သော အရှေ့မြောက်အာရှနိုင်ငံများမှရရှိခြင်းဖြစ်သည်ဟု ထိုအဖွဲ့အစည်း၏အထွေထွေအတွင်းရေးမှူးက ဆိုသည်။

၂၀၂၄ ခုနှစ် အစပိုင်းမှစတင်ကာ သစ်သီးနှင့်ဟင်းသီးဟင်းရွက်များတင်ပို့မှု မြင့်တက်လာခြင်းသည် ဝယ်လိုအားတိုးမြင့်လာခြင်းကြောင့်ဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို