ဟနွိုင်း   ဖေဖော်ဝါရီ    ၂၀

ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင်  နိုင်ငံရပ် ခြားသို့  အလုပ်သမား  ၁၂၅၀၀၀  စေလွှတ်ရန် ရည်မှန်းထားပြီး ဂျပန်နိုင်ငံ၊ တရုတ်(တိုင်ပေ)နှင့် တောင်ကိုရီးယားနိုင်ငံတို့အား အဓိက စေလွှတ်မည် ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ အလုပ်သမားဝန်ကြီးဌာန၏  ပြောကြားချက်ကို  ကိုးကား၍ ဗီယက်နမ် သတင်းအေဂျင်စီက  ဖေဖော်ဝါရီ ၂၀ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ဗီယက်နမ်နိုင်ငံသည်  ယခုနှစ်တွင်  တရုတ် (တိုင်ပေ)သို့ အလုပ်သမား ၄၈၀၀၀ ခန့်၊ ဂျပန်နိုင်ငံသို့ အလုပ်သမား ၆၃၀၀၀ နှင့် တောင်ကိုရီးယားနိုင်ငံသို့ အလုပ်သမား ၈၅၀၀ ခန့် စေလွှတ်မည် ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ   အလုပ်သမားဝန်ကြီးဌာနက ပြောကြားသည်။

အလုပ်သမား ၆၅၀၀၀၀ ခန့်ရှိ

၂၀၂၃ ခုနှစ်အတွင်း စာချုပ်အရ နိုင်ငံရပ်ခြားသို့ စေလွှတ်သည့် ဗီယက်နမ် အလုပ်သမားအရေ အတွက် ၁၅၅၀၀၀ ရှိကြောင်း သိရသည်။ လက်ရှိတွင် ကမ္ဘာပေါ်ရှိ နိုင်ငံနှင့်   ဒေသ ၄၀ တွင်  ဗီယက်နမ်နိုင်ငံမှ အလုပ်သမား ၆၅၀၀၀၀ ခန့်ရှိကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်