ဟနွိုင်း ဖေဖော်ဝါရီ ၂
ဗီယက်နမ်နိုင်ငံသည် ၂၀၂၆ ခုနှစ်အတွင်း ပို့ကုန် တိုးတက်မှုနှုန်း ၁၅ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းအထိ ရောက်ရှိရေး မျှော်မှန်းလုပ်ဆောင်လျက်ရှိကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဖေဖော်ဝါရီ ၂ ရက်တွင် အစီရင်ခံဖော်ပြထားသည်။
ဗီယက်နမ်သည် လအလိုက်တင်ပို့မှု အမေရိကန်ဒေါ်လာ ၄၆ ဘီလီယံမှ စုစုပေါင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅၄၆ ဘီလီယံမှ ၅၅၀ ဘီလီယံအထိရောက်ရှိရေး မျှော်မှန်းထားကြောင်း စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။
အဆိုပါ ဝန်ကြီးဌာနသည် ၂၀၂၆ ခုနှစ်နှင့် ယင်းနောက်ပိုင်းတွင် ပို့ကုန်တိုးတက်မှုနှုန်း အရှိန်အဟုန်ကို မြှင့်တင်ရန် အဓိကလုပ်ဆောင်ချက် ခြောက်ရပ်ကို ချမှတ်ထားပြီး ယင်းကို ယခုနှစ် အစပိုင်းမှစတင်ကာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။
၂၀၂၅ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ ပို့ကုန်ကဏ္ဍ ဝင်ငွေစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၄၇၅ ဒသမ ၀၄ ဘီလီယံရှိခဲ့ပြီး ယခင်နှစ်ကထက် ၁၇ ရာခိုင်နှုန်း မြင့်တက်မှုရှိခဲ့ကြောင်း အမျိုးသားစာရင်းအင်းရုံး၏ အချက်အလက်များအရ သိရသည်။
ဆင်ဟွာ
ဓာတ်ပုံ - Nhan Dan Online


