ဟနွိုင်း စက်တင်ဘာ ၈
ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့သည့် တိုင်ဖွန်းရာဂိကြောင့် ကိုးဦးသေဆုံး ပြီး ၁၈၆ ဦး ဒဏ်ရာရခဲ့ကြောင်း နိုင်ငံ၏စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၉ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။
အဆိုပါ တိုင်ဖွန်းမုန်တိုင်းသည် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း အင်အားအပြင်းဆုံး မုန်တိုင်းဖြစ်ပြီး သေဆုံးသူများတွင် ကမ်းရိုးတန်းပြည်နယ် ကွမ်နင်ပြည်နယ်မှ သုံးဦး၊ မြောက်ပိုင်းခရိုင် ဟိုင်ဒွန်ဒေသမှ တစ်ဦး၊ ဟိုင်ဖွန် ဆိပ်ကမ်းမြို့မှ တစ်ဦး၊ ဟောဘင်ဒေသမှ လေးဦးဖြစ်ကြောင်း သိရသည်။
ဒဏ်ရာရသူများထဲတွင် ကွမ်နင်ပြည်နယ်မှ ၁၅၇ ဦး၊ ဟိုင်ဖွန်ဒေသမှ ၁၃ ဦး၊ ဟနွိုင်းမှ ၁၀ ဦး၊ ဟိုင်ဒွန်မှ ငါးဦး၊ ဟောဘင်ဒေသမှ တစ်ဦးအသီးသီး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ တိုင်ဖွန်းမုန်တိုင်းကြောင့် အိမ်ခြေ ၃၃၀၀ နီးပါး၊ စပါးနှင့် အခြားသီးနှံစိုက်ဧက ၁၂၁၅၀၀၊ သီးပင်စိုက် ဧက ၅၀၀၀ ကျော်နှင့် မြောက်ပိုင်းဒေသတွင် ငါးသား ဖောက် လှောင်အိမ် ၁၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံတွင် သဘာဝဘေးအန္တရာယ်များဖြစ်သည့် မုန်တိုင်းများ ဝင်ရောက်တိုက်ခတ်မှု၊ မြေပြိုမှုများနှင့် ရေကြီးရေလျှံမှုများကြောင့် ယခုနှစ်အစောပိုင်းမှစတင်ကာ သြဂုတ် ၅ ရက်အထိ လူ ၁၁၁ ဦး သေဆုံးခဲ့ပြီး ငါးနှစ်အတွင်း သေဆုံးမှုအမြင့် ဆုံးဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်