စက်တင်ဘာ ၁၁

ဗီယက်နမ်နိုင်ငံမြောက်ပိုင်းတွင် တိုင်ဖွန်းမုန်တိုင်းရာဂိတိုက်ခတ်ရာမှဖြစ်ပေါ်လာသော ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် သေဆုံးသူ ၁၄၁ ဦး ရှိလာပြီး ၅၉ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ကြေညာသည်။

အဆိုပါသေဆုံးသူများသူများတွင် ကာအိုဘန်ပြည်နယ်မှ ၂၉ ဦး၊ လာအိုကိုင်ပြည်နယ်မှ ၄၅ ဦးနှင့် ယန်ဘိုင်ပြည်နယ်မှ ၃၇ ဦး တို့ဖြစ်ကြောင်း ဖော်ပြထားသည်။

မြို့တော်ဟနွိုင်းရှိမြစ်နီမြစ်တွင် စက်တင်ဘာ ၁၁ ရက်တွင် ရေကြီးမှုအဆင့်သုံးမှ အဆင့် နှစ်ကို ကျော်လွန်ကာ အမြင့်ဆုံးအဆင့်အထိ ရောက်ရှိမည်ဟု ရေအားလျှပ်စစ်မိုးလေဝသခန့်မှန်းချက်ဗဟိုဌာနက ကြိုတင်ခန့်မှန်းထားသည်။ တာအိုမြစ် ရေမျက်နှာပြင်နှင့် အခြားနေရာများတွင် ရေမျက်နှာပြင်ပိုမိုမြင့်တက်မှုနှင့် ပတ်သက်ပြီး ထိုဌာနက စက်တင်ဘာ ၁၁ ရက်မနက်ပိုင်းက သတိပေးချက်ထုတ်ပြန်ထားသည်။

တောင်ထူထပ်သောဒေသများတွင် ရေကြီးမှု၊ မြေပြိုမှုများဖြစ်ပွားနိုင်ပြီး မြောက်ပိုင်းဒေသရှိ မြေနိမ့်ဒေသများတွင် ရေကြီးမှုအန္တရာယ်ဖြစ်ပွားနိုင်သည်ဟု ယင်းဌာနကပြောသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို