အောက်တိုဘာ ၃

ဗီယက်နမ်နိုင်ငံတွင် စက်တင်ဘာလအတွင်း ပြင်းအား ၂ ဒသမ ၅မှ ၄ ဒသမ သုည ပမာဏကြားရှိ ငလျင်လှုပ်ခတ်မှု ၃၆ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိပ္ပံနှင့်နည်းပညာအကယ်ဒမီလက်အောက်ရှိ ဘူမိရူပသိပ္ပံမှထုတ်ပြန်သောအချက်အလက်များကို ဗီယက်နမ်သတင်းအေဂျင်စီက ကိုးကားဖော်ပြထားသည်။

အဆိုပါငလျင်လှုပ်ခတ်မှုများအနက် ၃၂ ကြိမ်မှာ ကွန်တမ်ပြည်နယ်အလယ်ပိုင်းကုန်းမြင့်ဒေသ ကွန်ပလုံခရိုင်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာလအတွင် ငလျင်လှုပ်ခတ်မှုအကြိမ်အရေအတွက်သည် လွန်ခဲ့သောလများက ငလျင်လှုပ်ခတ်မှု အကြိမ်အရေအတွက်နှင့်နှိုင်းယှဉ်ပါက သိသိသာသာလျော့နည်းခဲ့ရာ  ဩဂုတ်လကထက် ငလျင်လှုပ်ခတ်မှု ၅၉ ကြိမ်နှင့် ဇူလိုင်လကထက် ငလျင်လှုပ်ခတ်မှု ၄၆ ကြိမ် လျော့နည်းခဲ့သည်ဟု ဖော်ပြထားသည်။

ယခုနှစ်အစောပိုင်းမှစတင်ကာ ငလျင်ငယ်လှုပ်ခတ်မှု ၃၅၃ ကြိမ်ရှိရာ ၉၈ ရာခိုင်နှုန်းသည် ကွန်ပလုံခရိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို