ဟနွိုင်း   ၂  နိုဝင်ဘာ

 

ဗီယက်နမ်နိုင်ငံ၌ မျောက်များဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစမ်းသပ်မှု စတင်ခဲ့ကြောင်း သိရ သည်။ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ Vabiotech ကုမ္ပဏီက မာကာကာမူလတ်တာ မျိုးနွယ်ဝင် မျောက် ၁၂ ကောင်ဖြင့် ဗိုင်းရပ်စ်ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုများ စတင်ခဲ့ခြင်းဖြစ်သည်။

 

ဗိုင်းရပ်စ်ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုများကို ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ကောင်နင်ပြည်နယ်အ လွန်ရှိ ရီအော်ကျွန်းပေါ်၌ အောက်တိုဘာလ ၂၇ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကာကွယ်ဆေးနှင့် ဇီဝဗေဒဆိုင်ရာ သုတေသနနှင့် ထုတ်လုပ်ရေးဗဟိုဌာန အကြီးအကဲ ဗူကောင်လောင်က အတည်ပြုခဲ့သည်။

 

စမ်းသပ်ခံမျောက်များက အသက် ၃ နှစ်မှ ၅ နှစ်အတွင်းဖြစ်ပြီး ကိုယ်အလေးချိန် ၃ ကီလိုဂရမ်ကျော်စီရှိ ကြောင်း၊ မျောက်များကို ကျန်းမာရေး စစ်ဆေးခဲ့ပြီး မည်သည့် ကူးစက်ရောဂါမျှမရှိကြောင်း Vabiotech ကုမ္ပဏီ ညွှန်ကြားရေးမှူး ဒိုတွမ်ဒတ်က ပြောသည်။

 

မျောက်များကို ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးပြီးနောက် သုံးလကြာ စောင့်ကြည့်မည်ဖြစ်သည်။ သုံးလပြည့် လျင် မျောက်များထံမှ သွေးနမူနာယူကာ ထပ်မံ၍ စိစစ်လေ့လာရန် ဟနွိုင်းမြို့တော်သို့ ပို့မည်ဖြစ်သည်။

 

မျောက်များကို ကာလနှစ်ခုဖြင့် စမ်းသပ်မည်ဖြစ်သည်။ ကာလတစ်ခုစီတွင် မျောက်များကို အုပ်စုနှစ်ခု ခွဲထားမည်ဖြစ်ပြီး အုပ်စုတစ်ခုကို ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးကာ နောက်တစ်အုပ်စုကို ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးပေးမည်မဟုတ်ပေ။

 

ထို့နောက် မျောက်များကို သီးခြားကျွန်းများ၌ထား၍ နေ့စဉ် စောင့်ကြည့်သွားမည်ဖြစ်သည်။ မျောက်များ ကို ၁၈ ရက်၊ ၂၁ ရက်စီခြား၍ ဗိုင်းရပ်စ်ကာကွယ်ဆေး နှစ်ကြိမ် ထိုးပေးမည်ဖြစ်သည်။

 

ဒုတိယအကြိမ် ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးပေးပြီးလျင် ဆေးထိုးထားသည့် မျောက်အုပ်စုနှင့် မထိုးထား သည့် မျောက်အုပ်စုကြား သက်ရောက်မှုများသိရှိရန် သုတေသီများက ကိုယ်ခံအားတုံ့ပြန်မှုကို အကဲဖြတ်မည်ဖြစ် သည်။

 

Vabiotech ကုမ္ပဏီသည် ဇွန်လအတွင်းက ဗိုင်းရပ်စ်ကာကွယ်ဆေးကို ကြွက်များဖြင့် စမ်းသပ်ခဲ့သေးသည်။ ကြွက်များဖြင့် စမ်းသပ်မှုများမှ အချက်အလက်များ ရရှိခဲ့ပြီး သိပ္ပံပညာရှင်များက ဗိုင်းရပ်စ်ကာကွယ်ဆေးကို အခြားတိရစာ္ဆန်များဖြင့် စမ်းသပ်မှု ဆက်လက်ပြုလုပ်မည်ဖြစ်သည်။

 

မျောက်များဖြင့် စမ်းသပ်မှုရလဒ်များက ဗိုင်းရပ်စ်ကာကွယ်ဆေးကို လူများဖြင့်စမ်းသပ်မည့် နောက်တစ် ဆင့်အတွက် အခြေခံအုတ်မြစ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။

 

ကိုးကား-VNA