ဟနွိုင်း မေ ၃၀
ဗီယက်နမ်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၈၅၅ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်းနှင့် ၎င်း ကူးစက်ခံရသူ အရေအတွက်သည် မေ ၉ ရက်တွင် ကူးစက်ခံရသူ အရေအတွက်ထက် ၆၇၉ ဦးအထိ လျော့ကျခဲ့ကြောင်း ဗီယက်နမ် ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။
လက်ရှိတွင် ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ပေါင်း ၁၀၆၈၁၂၁၄ ဦးရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၄၃၀၅၈ ဦး ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသဖြင့် ဆေးရုံမှ ဆင်းခွင့် ရရှိသူပေါင်း ၉၃၂၄၉၃၄ ဦးရှိပြီး ယင်းအရေအတွက်သည် ကူးစက်ခံရသူ စုစုပေါင်း၏ ၈၇ ရာခိုင်နှုန်း ရှိကြောင်း ဗီယက်နမ်ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။
ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၂၁၅ ဒသမ ၈ သန်းကျော် အသုံး ပြုပြီးဖြစ်ကြောင်းနှင့် အဆိုပါ အသုံးပြုခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအနက် အသက် ၁၈ နှစ်နှင့်အထက် ရှိသူများအား ကာကွယ်ဆေး အလုံးရေ ၁၉၆ ဒသမ ၆ သန်း နီးပါး ထိုးနှံပေးခဲ့ကြောင်း ဗီယက်နမ် ကျန်းမာရေးဝန်ကြီး ဌာနက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်