ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ တစ်သိန်းခြောက်သောင်းကျော် ထပ်မံတွေ့ရှိ

ဟနွိုင်း မတ် ၁၄

 

ဗီယက်နမ်နိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၆၆၉၆၈ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်းနှင့် ယင်းအရေအတွက်သည် မတ် ၄ ရက် တစ်ရက်တာ တွေ့ရှိမှုထက် ၁၇၅၁ ဦး လျော့ကျမှုရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

အဆိုပါတစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများအနက် ၁၆၆၉၅၃ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ကြောင်းနှင့်  ၁၅ ဦးသည် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအနက် ကူးစက်ခံရသူများဖြစ်ကြောင်း ဗီယက်နမ် နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

လက်ရှိတွင် ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၆၁၁၂၆၄၈ ဦးရှိကြောင်း၊ အဆိုပါရောဂါဖြင့် သေဆုံးသူပေါင်း ၄၁၃၈၅ ဦး ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူစုစုပေါင်း ၃၁၆၃၅၇၁ ဦးရှိပြီး ယင်းအရေအတွက်သည် ကူးစက်ခံရသူစုစုပေါင်း၏ ၅၂ ရာခိုင်နှုန်းရှိကြောင်း ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ “ ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ ၂၀၀ ဒသမ ၂ သန်းခန့် အသုံးပြုပြီး ဖြစ်ကြောင်းနှင့် အသက် ၁၈ နှစ်နှင့်အထက် အသက်အရွယ်ရှိသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အလုံးရေ ၁၈၃ ဒသမ ၁ သန်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်