ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁ ဒသမ ၃၂ သန်းကျော်ရှိလာ

ဟနွိုင်း ဒီဇင်ဘာ ၇

 

ဗီယက်နမ်နိုင်ငံ၌ယနေ့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၄၅၉၁ ဦးရှိကြောင်း၊ ယင်းတို့အနက် ၁၄၅၅၈ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ပြီး ၃၃ ဦးသည် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအနက်မှ ကူးစက်ခံရသူများ ဖြစ်ကြောင်း ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

ကူးစက်ခံခဲ့ရ

အစုလိုက် အပြုံလိုက်ကူးစက်မှုများမှာ နိုင်ငံတောင်ပိုင်းဒေသများမှ ဖြစ်ကြောင်းနှင့် ဟိုချီမင်း စီးတီး၌ ၁၁၇၄ ဦး၊ ကန်သိုပြည်နယ်၌ ၁၁၈၉ ဦး၊ တေနင်းပြည်နယ်၌ ၈၅၉ ဦး အသီးသီးကူးစက်ခံခဲ့ရကြောင်း သိရသည်။ လက်ရှိတွင် ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၃၂၃၆၈၃ ဦး ရှိလာကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၂၆၄၈၃ ဦးရှိလာကြောင်း သိရသည်။

 

ထို့ပြင် ဗီယက်နမ်နိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ စုစုပေါင်း ၁၀၁၀၄၀၇ ဦး ရှိကြောင်း သိရသည်။ လက်ရှိတွင် ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ စုစုပေါင်း ၁၂၈ သန်းနီးပါးအသုံးပြုခဲ့ပြီးဖြစ်ကြောင်းနှင့် နိုင်ငံလူဦးရေ၏ ၅၄ ဒသမ ၄ သန်းခန့်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ၊

ဘာသာပြန်-အလင်းသစ်