ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၀ ဒသမ ၇၆ သန်းကျော်ရှိလာ

ဟနွိုင်း ဇူလိုင် ၂၅

 

ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၀၇၆၇၉၄၈ ဦးရှိလာကြောင်းနှင့် အဆိုပါ ရောဂါဖြင့် သေဆုံးသူပေါင်း ၄၃၀၉၂ ဦးရှိလာကြောင်း ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက  ပြောကြားသည်။

 

ဗီယက်နမ်နိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၄၈ ဦး ထပ်မံတွေ့ရှိသော်လည်း အဆိုပါ ရောဂါဖြင့် သေဆုံးသူမရှိကြောင်း သိရသည်။

 

ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ သူများအနက် ၉၈၆၁၂၇ ဦးသည် ရောဂါမှ ပြန်လည် သက်သာလာသဖြင့် ဆေးရုံများမှ ဆင်းသွားခဲ့ပြီဖြစ်ကြောင်းနှင့် အဆိုပါအရေအတွက်သည် ကူးစက် ခံရသူ စုစုပေါင်း၏ ၉၂ ရာခိုင်နှုန်း နီးပါးရှိကြောင်း ဗီယက်နမ်နိုင်ငံ   ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

လက်ရှိတွင် ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၂၄၂ ဒသမ ၅ သန်း ထိုးနှံပေး ပြီးဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ ၂၁၁ ဒသမ ၁ သန်းကျော်အား အသက် ၁၈ နှစ်နှင့်အထက် အသက်အရွယ်ရှိသူများကို ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်