ဟနွိုင်း  ဇွန်   ၉

ဗီယက်နမ်နိုင်ငံ၌ မေ  ၃၀  ရက်မှ ဇွန် ၆ ရက်အထိ ဟနွိုင်းမြို့တော်၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ သစ် ၁၅၀    အတည်ပြုတွေ့ရှိကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက  ဇွန်  ၉  ရက်တွင်   ထုတ်ပြန် ထားသည်။

အဆိုပါ   ကူးစက်မှုမှာ ပြီးခဲ့သည့် သီတင်းပတ်ကထက် အနည်းငယ် ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။

၂၀၂၅  ခုနှစ် နှစ်ဆန်းပိုင်းမှစကာ  ဗီယက်နမ်နိုင်ငံ၌   ကိုဗစ်-၁၉ ကူးစက်ခံရသူ ၅၅၈ ဦး တွေ့ရှိ ခဲ့ကြောင်း၊ ယင်းအရေအတွက်မှာ ၂၀၂၄ ခုနှစ်  အလားတူကာလနှင့်    နှိုင်းယှဉ်ကြည့်ပါက   ၁၀၉    ဦး  လျော့နည်းကျဆင်းကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဆင်ဟွာ