ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၃၈၈၉ ဦး ထပ်မံတွေ့ရှိ

mdn

ဒီဇင်ဘာ ၃၀

ဗီယက်နမ်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၃၈၈၉ ဦးထပ်မံတွေ့ရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

ထပ်မံကူးစက်ခံရသူများအနက် ၁၃၈၇၃ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၁၆ ဦးသည် ပြည်ပ ကူးစက်မှုဖြစ်သည်။

ပြည်တွင်းကူးစက်ခံရသူများအနက် ဗီယက်နမ်မြို့တော် ဟနွိုင်းတွင် ၁၇၆၆ ဦး၊ တနင်ရှ်ပြည်နယ်တောင်ပိုင်းတွင် ၉၃၈ ဦးနှင့် ဗင်ရှ်လောင်ပြည်နယ်တောင်ပိုင်းတွင် ၉၁၇ ဦးတို့ဖြစ်သည်။

နိုင်ငံတစ်ဝန်းတွင် ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၁၆၉၄၈၇၄ ဦးရှိပြီး သေဆုံးသူပေါင်း ၃၁၈၇၇ ဦးရှိသည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။

ကိုဗစ်ရောဂါကူးစက်ခံရမှုမှ ယခုအချိန်ထိ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူပေါင်း ၁၃၀၂၅၄၂ ဦးရှိသည်ဟု သိရသည်။

ကိုဗစ်ကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံမှုခံယူပြီးသူ ၆၇ ဒသမ ၃ သန်းအပါအဝင် ကာကွယ်ဆေးထိုးနှံပြီးသူ ၁၄၈ ဒသမ ၂ သန်းခန့်ရှိကြောင်း ထိုဝန်ကြီးဌာနကပြောသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို