ဟနွိုင်း ဇန်နဝါရီ ၁၀

 

ဗီယက်နမ်နိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၆၅၅၃ ဦး ထပ်မံတွေ့ရှိကြောင်း၊ ယင်းလူဦးရေအနက် ၁၆၅၁၃ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ကြောင်းနှင့် ၄၀ သည် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအနက် ကူးစက်ခံရခြင်းဖြစ်ကြောင်း ဗီယက်နမ် ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။

 

လက်ရှိတွင် ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၈၇၆၃၉၄ ဦးရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၃၄၁၁၇ ဦးရှိကြောင်း ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ ထို့ပြင် ဗီယက်နမ်နိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာ သဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့် ရရှိသူ ၈၉၉၀ ရှိခြင်းကြောင့် အဆိုပါရောဂါမှ ပြန်လည်ကျန်းမာ လာသူပေါင်း ၁၄၈၈၀၃၈ ဦးရှိလာကြောင်း သိရသည်။

 

ဗီယက်နမ်နိုင်ငံ၌ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှု အစီအစဉ်အောက်တွင် ကာကွယ်ဆေး အလုံးရေ ၁၅၉ ဒသမ ၂ သန်းခန့် အသုံးပြုပြီးဖြစ်ကြောင်း၊ ယင်းကာကွယ်ဆေးများ အနက်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၇၀ ဒသမ ၈ သန်းအား ဒုတိယအကြိမ်ထိုးနှံရာတွင် အသုံး ပြုခဲ့ကြောင်းနှင့် ၁၀ ဒသမ၂ သန်း အား တတိယအကြိမ်အပိုဆောင်း ထိုးနှံရာတွင် အသုံးပြုခဲ့ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်