ဟနွိုင်း ဇွန် ၂
ဗီယက်နမ်နိုင်ငံတစ်ဝန်း၌ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှ ၂၀၂၅ ခုနှစ် မေ ၁၄ ရက်အထိ ယာဉ် မတော်တဆမှုများကြောင့် သေဆုံးသူ ၄၃၂၈ ဦးနှင့် ဒဏ်ရာရရှိသူ ၅၃၀၇ ဦးရှိကြောင်း အမျိုးသား ယာဉ်အန္တရာယ်ကင်းရှင်းရေးကော်မတီ၏ အစီရင်ခံစာက ဖော်ပြသည်။
အဆိုပါကော်မတီရုံး အကြီးအကဲ ထရန်ဟူးမင်းက အဆိုပါအရေအတွက်သည် ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက သိသိသာသာလျော့နည်းသွားခြင်းဖြစ်သည်ဟု ပြောကြားခဲ့ ကြောင်း ဗီယက်နမ်သတင်း အေဂျင်စီက ဇွန် ၂ ရက်တွင် ဖော်ပြသည်။
အဆိုပါကာလအတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှု ၇၇၈၁ ကြိမ်တွင် လမ်းမကြီးများတွင်ဖြစ်ပွား သည့် ယာဉ်တိုက်မှုများမှာ အများဆုံးဖြစ်ပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ယာဉ်တိုက်မှု အရေအတွက် ၂၅ ဒသမ ၃၁ ရာခိုင်နှုန်း၊ သေဆုံးမှုနှုန်း ၅ ဒသမ ၅၆ ရာခိုင်နှုန်းနှင့် ဒဏ်ရာရမှုနှုန်း ၃၄ ဒသမ ၇၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဆင်ဟွာ