ဖေဖော်ဝါရီ ၂၈

ဗီယက်နမ်နိုင်ငံတွင် ဖေဖော်ဝါရီလအတွင်း နိုင်ငံတကာခရီးသွားဦးရေ ၉၃၃၀၀၀ ရောက်ရှိကြောင်းနှင့် ပြီးခဲ့သည့်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၃၁ ဒသမ ၆ ဆမြင့်တက်လာကြောင်း နိုင်ငံ၏ဗဟိုစာရင်းအင်းရုံးက ယနေ့တွင် ပြောကြားသည်။

နိုင်ငံအတွင်း နိုင်ငံခြားခရီးသွားများနှင့် နိုင်ငံတကာလေကြောင်းလိုင်များ ပြန်လည်ဖွင့်ပေးခဲ့မှုကြောင့် ခရီးသွားဧည့်များ လာရောက်မှုမြင့်တက်လာသည်ဟု သိရသည်။

ဗီယက်နမ်နိုင်ငံသို့ခရီးသွားများရောက်ရှိလာမှုသည် လေကြောင်းလိုင်းမှ ၈၉ ဒသမ ၆ ရာခိုင်နှုန်း၊ ရေကြောင်းဖြင့် ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် ကုန်းကြောင်းမှ ၉ ဒသမ ၆ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း ဖော်ပြထားသည်။

နိုင်ငံအတွင်းလာရောက်သောခရီးသည်များအနက် ၇၄ ရာခိုင်နှုန်းသည် အာရှမှလာရောက်ခြင်းဖြစ်ရာ ဗီယက်နမ်နိုင်ငံသို့ လာရောက်သောခရီးသွားများတွင် အများဆုံးဖြစ်သည်ဟု သိရသည်။

ယခုနှစ် ပထမနှစ်လအတွင်း နိုင်ငံခြားခရီးသွား ၁ ဒသမ  ၈ သန်း ရောက်ရှိလာကြောင်း ၊ ၂၀၂၂ ခုနှစ်က နိုင်ငံတကာခရီးသွား ၃ ဒသ ၇ သန်းခန့်ရောက်ရှိခဲ့ရာ  ၂၀၂၃ ခုနှစ်တွင် ခရီးသွား ၈ သန်းရောက်ရှိမည်ဟု မျှော်မှန်းထားကြောင်း ဗီယက်နမ်အမျိုးသားခရီးသွားလုပ်ငန်းအဖွဲ့က ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို