ဩဂုတ် ၂၈

 ဗီယက်နမ်နိုင်ငံတွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်မှ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၄ ရက်အတွင်း ယာဉ်မတော်တဆမှုပေါင်း ၁၆၀၄၃ ခု ဖြစ်ပွားခဲ့ရာ သေဆုံးသူ ၇၀၇၇ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ ၁၂၂၄၈ ဦး ရှိကြောင်း ယာဉ်အန္တရာယ်ကင်းရှင်းရေး ကော်မတီက ပြောကြားသည်။

ယာဉ်မတော်တဆဖြစ်ပွားမှု အကြိမ်အရေအတွက်နှင့် ထိခိုက်ဒဏ်ရာရသူအရေအတွက်တို့သည် တစ်နှစ်ထက်တစ်နှစ် ၁၃ ဒသမ ၀၁ ရာခိုင်နှုန်းမှ ၂၉ ဒသမ ၁၄ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ဟု သိရသည်။ ယာဉ်မတော်တဆမှုကြောင့် သေဆုံးမှုအရေအတွက်သည် တစ်နှစ်ထက်တစ်နှစ် ၁၀ ဒသမ ၅၆ ရာခိုင်နှုန်း လျော့ကျလာသည်ဟု ဒေသတွင်းမီဒီယာက ယနေ့တွင် ဖော်ပြထားသည်။

ယာဉ်မတော်တဆဖြစ်ပွားမှုများအနက် ရထားလမ်းမတော်တဆမှု ၉၇ ခုဖြစ်ပွားမှုကြောင့် ၆၈ ဦး သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ကားလမ်းမတော်တဆမှု ၁၅၉၀၅ ခု ဖြစ်ပွားမှုကြောင့် ၆၉၈၇ ဦး သေဆုံးပြီး ၁၂၂၁၉ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို