ဗီယက်နမ်နိုင်ငံ၌ ရောဂါကူးစက်ခံရသူ ၈၈၁၃ ဦး ထပ်မံတွေ့ရှိ

ဟနွိုင်း ဧပြီ ၂၄

 

ဗီယက်နမ်နိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၈၈၁၃ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။

 

ရောဂါထပ်မံကူးစက်ခံရသူအားလုံးသည် နိုင်ငံအတွင်းရှိ ပြည်နယ် ၆၀ နှင့် မြို့များမှတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါရောဂါ  ကူးစက်ခံရသူများအနက် မြို့တော်ဟနွိုင်း၌ ၉၇၀၊ ဘက်ဂျန်ခရိုင်၌ ၅၄၀ နှင့် ဖုသိုခရိုင်၌ ၅၁၁ ဦး  အသီးသီးတွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

 

လက်ရှိတွင် ရောဂါကူးစက်ခံရသူပေါင်း ၁၀၅၆၃၅၀၂ ဦးနှင့် အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၄၃၀၁၃ ဦးရှိပြီဖြစ်သည်။ သို့သော် ရောဂါကူးစက်ခံရသူ ၉၀၈၆၀၇၅ ဦး (ရောဂါကူးစက်ခံရသူ အားလုံး၏ ၈၆ ရာခိုင်နှုန်း) သည်  ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသည့်အတွက် ဆေးရုံများမှ ပြန်လည်ဆင်းသွားကြောင်း သိရသည်။

 

လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ ၂၁၂ သန်းနီးပါး သုံးစွဲပြီးဖြစ်သည်။ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေးအလုံးရေ ၁၉၄ ဒသမ ၅ သန်း ထိုးနှံပေးပြီးဖြစ်သည်။    

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အောင်ကျော်ကျော်