အောက်တိုဘာ ၂၈
ဗီယက်နမ်နိုင်ငံတွင် ယခုနှစ် လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ ၁၀၂ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။
အဆိုပါသွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူဦးရေသည် ၂၀၂၁ ခုနှစ် အလားတူကာလထက် ငါးဆနီးပါးပိုမိုများပြားခဲ့သည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။ နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့တွင် ထိုရောဂါဖြစ်ပွားမှုများပြားလာဖွယ်ရှိကြောင်း ထိုဝန်ကြီးဌာနက ထပ်လောင်းပြောသည်။
နိုင်ငံတစ်ဝန်းတွင် ထိုရောဂါဖြစ်ပွားသူဦးရေ ၂၆၀၀၀၀ ခန့်ရှိကြောင်း၊ ဟိုချီမင်းမြို့သည် ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်ပြီး ရောဂါဖြစ်ပွားသူ ၇၀၀၀၀ နီးပါးရှိသည်ဟု သိရသည်။
ထိုမြို့တွင် ရောဂါဖြစ်ပွားမှုကြောင့် ၂၉ ဦး သေဆုံးကြောင်း ဖော်ပြထားသည်။
မြို့တော် ဟနွိုင်းတွင် ထိုရောဂါဖြစ်ပွားသူ ၈၀၀၀ ကျော်ရှိပြီး ယင်းရောဂါကြောင့် သေဆုံးသူ ၁၂ ဦးရှိသည်။
မြောက်ပိုင်းဘတ်ကန်ပြည်နယ်တွင် မူလတန်းကျောင်းသား ၇၀၀ ကျော် ထိုရောဂါကူးစက်ခံရပြီးနောက် ၎င်းတို့အနက် ရှစ်နှစ်အရွယ်ကလေးတစ်ဦး ယင်းရောဂါဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို