ဟနွိုင်း အောက်တိုဘာ ၁၈
ဗီယက်နမ်နိုင်ငံသည် ယခုနှစ်အစပိုင်းမှစတင်ကာ သေဆုံးသူ ၂၇ ဦးနှင့် အတူ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၉၉၆၃၉ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၇ ရက်တွင် ပြောသည်။
ပြီးခဲ့သည့် သီတင်းပတ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ အရေအတွက်မှာ ယခင်သီတင်းပတ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား သူ အရေအတွက်နှင့် နှိုင်းယှဉ်ပါက ကျဆင်းလာကြောင်း သိရသည်။ သို့သော်လည်း မြို့တော်ဟနွိုင်းတွင် ရောဂါကူးစက်ဖြစ်ပွားသူ အရေအတွက်မှာ ကျဆင်းသည့် အရိပ်မယောင် မတွေ့ရသေးပေ။ ယခုနှစ် စက်တင်ဘာလကုန်နောက်ပိုင်းကတည်းက ဟနွိုင်းမြို့တွင် ရောဂါ ဖြစ်ပွားကူးစက်မှုနှုန်းမှာ လျင်မြန်စွာမြင့်တက်လာကြောင်း၊ သီတင်းတစ်ပတ်လျှင် ရောဂါဖြစ်ပွားသူ ၂၅၀၀-၂၆၀၀ ဝန်းကျင်ရှိပြီးစက်တင်ဘာ လပထမသီတင်းပတ်နှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၅ ဆ မြင့်တက်လာကြောင်း သိရသည်။
ယခုနှစ်အစောပိုင်းမှစတင်ကာ မြို့တော်ဟနွိုင်းမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၀၅၄၈ ဦးရှိပြီး ပြီးခဲ့သည့် အလားတူကာလနှင့် နှိုင်းယှဉ်ပါက သုံးဆမြင့်တက်လာသည်။ ဆင်ဟွာ