ဗီယက်နမ်နိုင်ငံ၌ တစ်ရက်အတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၁၉၃ ဦး ထပ်မံတွေ့ရှိ

ဟနွိုင်း အောက်တိုဘာ ၁၈

 

ဗီယက်နမ်နိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၁၉၃ ဦး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ရာ လက်ရှိအချိန်အထိ နိုင်ငံအတွင်း၌ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၈၆၄၀၅၃ ဦးရှိပြီး သေဆုံးသူပေါင်း ၂၁၁၉၄ ဦးရှိကြောင်း ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနက ယနေ့သတင်း ထုတ်ပြန်သည်။

 

အဆိုပါ ရောဂါထပ်မံကူးစက်ခံရသူများအနက် ၃၁၇၅ ဦးသည် ပြည်တွင်းကူးစက်ခံရသူများဖြစ်ပြီး ၁၈ ဦးသည် နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိလာသူများ ဖြစ်သည်။

 

ထို့ပြင် ယင်းကူးစက်ခံရသူအများစုကို နိုင်ငံ၏ တောင်ဘက်ပိုင်းမှ အများဆုံးစစ်ဆေးတွေ့ရှိရသည်။

 

ဟိုချီမင်းစီးတီး၌ ၁၀၅၉ ဦး၊ ဘင်ဒေါင်ခရိုင်၌ ၅၃၇ ဦးနှင့် ဒေါင်နန်ခရိုင်၌ ၅၁၇ ဦးတို့ကို အသီးသီးတွေ့ရှိ သည်။

 

လက်ရှိအချိန်အထိ ရောဂါမှပြန်လည်ကျန်းမာလာပြီး ကျန်းမာရေးအခြေအနေကောင်းမွန်လာသူ ပေါင်း ၇၉၁၈၄၄ ဦး ရှိသည်။

 

လက်ရှိအချိန်အထိကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးအလုံးရေ ၆၂ သန်းနီးပါးအား ထိုးနှံပေးပြီး ဖြစ်သည်။

 

နိုင်ငံအတွင်း ရောဂါစတင်ကူးစက်သည့်အချိန် ဧပြီလနှောင်းပိုင်းမှစပြီး ပြည်တွင်းရောဂါကူးစက်ခံရ သူပေါင်း ၈၅၉၃၇၂ ဦးရှိကြောင်း ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

ကိုးကား- ဆင်ဟွာ၊

ဘာသာပြန်- အောင်ကျော်ကျော်