ဟနွိုင်း မတ် ၁

 

ဗီယက်နမ်နိုင်ငံ၌ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၉၄၃၈၅ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၃ ဒသမ ၄ သန်းကျော်ရှိလာကြောင်း ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

အဆိုပါတစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများအနက် ၉၄၃၇၆ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ကြောင်းနှင့် ကိုးဦးသည် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအနက် ကူးစက်ခံရသူများ ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

လက်ရှိတွင် ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၃၄၄၃၄၈၅ ဦးရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူစုစုပေါင်း ၂၄၃၈၉၅၁ ဦးရှိကြောင်း ယင်းအရေအတွက်သည် ကူးစက်ခံရသူ စုစုပေါင်း၏ ၇၁ ရာခိုင်နှုန်းရှိကြောင်း ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၁၉၃ ဒသမ ၆ သန်းကျော် အသုံးပြုပြီး ဖြစ်ကြောင်းနှင့် အသက် ၁၈ နှစ်နှင့်အထက် အသက်အရွယ်ရှိသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အလုံးရေ ၁၇၆ ဒသမ ၉ သန်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်