ဗီယက်နမ်နိုင်ငံ၌ ယခုနှစ်အတွင်း လက်၊ ခြေနှင့် ပါးစပ်ရောဂါဖြစ်ပွားသူဦးရေ ၁၀၁၉၆ ရှိလာ

ဧပြီ ၁၁

ဗီယက်နမ်နိုင်ငံတွင် ယခုနှစ်အစောပိုင်းမှစတင်ကာ လက်၊ ခြေနှင့်ပါးစပ်ရောဂါဖြစ်ပွားသူဦးရေ ၁၀၁၉၆ ဦးရှိရာ လွန်ခဲ့သောနှစ် အလားတူကာလအတွင်းယင်းရောဂါဖြစ်ပွားမှုနှင့်နှိုင်းယှဉ်ပါက ၂ ဒသမ ၃ ဆ ပိုမိုမြင့်မားလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ အထွေထွေရောဂါကာကွယ်ရေးဉီးစီးဌာနက ယမန်နေ့ကပြောကြားသည်။ အဆိုပါရောဂါသည် တောင်ပိုင်းဒေသတွင် အများစုဖြစ်ပွားပြီး ရောဂါဖြစ်ပွားသူ ၇၅၀၀ ကျော်ရှိသည်ဟု ထိုဌာနကဆိုသည်။ ထိုရောဂါသည် မူလတန်းကျောင်းများတွင် အများဆုံးဖြစ်ပွားပြီး အသက် ငါးနှစ်အောက်အရွယ်ကလေးများ၏ ၉၀ ရာခိုင်နှုန်းတွင် ယင်းရောဂါဖြစ်ပွားနေသည်ဟုသိရသည်။ လက်ရှိအချိန်အထိ ထိုရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ မရှိသေးကြောင်း ဖော်ပြထားသည်။ ၎င်းရောဂါဖြစ်ပွားမှုကိုကာကွယ်ရန် လတ်တလောတွင် ကာကွယ်ဆေးမရှိသေးဟု ထိုဌာန၏ညွှန်ကြားရေးမှူးကပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို