ဩဂုတ် ၃
ဗီယက်နမ်နိုင်ငံတွင် ယခုနှစ်ပထမခုနစ်လအတွင်း ယာဉ်မတော်တဆမှုပေါင်း ၅၉၂၈ ခု ဖြစ်ပွားခဲ့သည်။
အဆိုပါယာဉ်မတော်တဆမှုများကြောင့် ၃၄၂၈ ဦး သေဆုံး၊ ၂၃၇၇ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ဒဏ်ရာအနည်းငယ်ရရှိသူ ၁၇၄၀ ရှိသည်ဟု နိုင်ငံ၏ဗဟိုစာရင်းအင်းရုံး၏ ယမန်နေ့က ထုတ်ပြန်ချက်အရ သိရသည်။
ဗီယက်နမ်နိုင်ငံအတွင်း နှစ်စဉ် ယာဉ်မတော်တဆဖြစ်ပွားမှု ၉ ဒသမ ၃ ရာခိုင်နှုန်း၊ သေဆုံးမှု ၉ ဒသမ ၄ ရာခိုင်နှုန်းနှင့် ဒဏ်ရာအနည်းငယ်ရရှိမှု ၁၁ ဒသမ ၈ ရာခိုင်နှုန်းတို့ အသီးသီးကျဆင်းခဲ့သည်။ နှစ်စဉ် ဒဏ်ရာပြင်းထန်စွာရရှိမှု ၄ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု သိရသည်။
နိုင်ငံတစ်ဝန်းတွင် ပျမ်းမျှအားဖြင့် ယခုနှစ်ခုနစ်လအတွင်း တစ်နေ့လျှင် ယာဉ်မတော်တဆဖြစ်ပွားမှု ၂၈ ခုရှိပြီး ၁၆ ဦးသေဆုံးကာ ၁၉ ဦး ဒဏ်ရာရရှိခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို