ဟနွိုင်း ဇွန် ၇
ဗီယက်နမ်နိုင်ငံသို့ ပလတ်စတစ်ထုတ်ကုန် တင်သွင်းမှုသည် ယခုနှစ်ပထမငါးလအတွင်း တန်ချိန် ၃ ဒသမ ၁ သန်း (အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ) တင်သွင်းခဲ့ခြင်းကြောင့် ပြီးခဲ့သည့်နှစ်အလားတူ ကာလနှင့် နှိုင်းယှဉ် ပါက သုည ဒသမ ၆ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနက ဇွန် ၆ ရက်တွင် ပြောကြားသည်။ ။
ယခုနှစ်ဇန်နဝါရီလမှ မေလအတွင်းအင်ဒိုနီးရှား နိုင်ငံသည် ပလတ်စတစ်ထုတ်ကုန်တင်သွင်းမှုအတွက် အမေရိကန် ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ နီးပါးသုံးစွဲခဲ့ခြင်းကြောင့် ပြီးခဲ့သည့်နှစ်အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်မှုရှိခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနက ပြောကြားသည်။
ဗီယက်နမ်နိုင်ငံအား ပလတ်စတစ်နှင့် ပလတ်စတစ်ထုတ်ကုန်ပစ္စည်း အဓိကတင်သွင်းသည့်နိုင်ငံများတွင် တရုတ်၊ တောင်ကိုရီးယား၊ ဆော်ဒီအာရေဗျနှင့် အမေရိကန်နိုင်ငံတို့ ပါဝင်ကြောင်း ဗီယက်နမ်နိုင်ငံ အကောက်ခွန်ဌာနက ပြောကြားသည်။
၂၀၂၁ ခုနှစ်အတွင်းက ဗီယက်နမ်နိုင်ငံသို့ ပလတ်စတစ်နှင့် ပလတ်စတစ်ထုတ်ကုန်ပစ္စည်း တန်ချိန် ၆ ဒသမ ၉ သန်း (အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၆ ဘီလီယံကျော်တန်ဖိုးရှိ) တင်သွင်းခဲ့ကြောင်းလည်း တရားဝင်အချက်အလက်များက ဖော်ပြထားသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အလင်းသစ်