ဟနွိုင်း ဇွန် ၁၄

 

ယခုနှစ်အတွင်း (၁၁) ကြိမ်မြောက်အဖြစ် ဗီယက်နမ်နိုင်ငံတွင် စက်သုံးဆီဈေးနှုန်းများ စံချိန်တင်အထိ မြင့်တက်လာခဲ့သည်။

 

ဇွန် ၁၃ ရက်တွင် RON 95 ဈေးနှုန်းမှာ တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၇၉၇ (အမေရိကန်ဒေါ်လာ ၀.၀၃၄)အထိ မြင့်တက်လာခဲ့သည်။

 

ထို့အတူ RON 92 ဈေးနှုန်းမှာ တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၈၈၂ အထိမြင့်တက်လာခဲ့ပြီး ဒီဇယ်ဆီဈေးနှုန်းမှာလည်း ၂၆၂၆ ဗီယက်နမ်ဒေါင်အထိ မြင့်တက်လာခဲ့သည်။ ယခုနှစ်မှစတင်ကာ စက်သုံးဆီဈေးနှုန်းများကို (၁၄) ကြိမ်မြောက် ညှိနှိုင်းပေးခဲ့သည်။ ဧပြီ ၂၁ ရက်မှစကာ ခြောက်ကြိမ်ဆက်တိုက် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

 

ဆင်ဟွာ