ဗီယက်နမ်နိုင်ငံတွင် စမတ်ဖုန်းပေါ်ရှိ ဖေ့စ်ဘုတ်စကားဝှက်များအား ဗိုင်းရပ်စ်အကူအညီဖြင့် ခိုးယူခံရ

ဟနွိုင်း ၃၁ ဇန်နဝါရီ

 

ဗီယက်နမ်ရှိ စမတ်ဖုန်း ၃၅၀ဝဝ ပေါ်ရှိ ဖေ့စ်ဘုတ် စကားဝှက်များကို GhostTeam အမည်ရှိ ဗိုင်းရပ်စ် တစ်မျိုးဖြင့် ခိုးယူခံနေရကြောင်း သိရပါတယ်။ အဆိုပါ ဗိုင်းရပ်စ်ဟာ ဖေ့စ်ဘုတ် စကားဝှက်တွေကို ခိုးယူနိုင်ဖို့ ဒီဇိုင်းရေးဆွဲထားတာဖြစ်ပြီး Google play ပေါ်က လူသုံးများတဲ့ ဗီယက်နမ် အက်ပီကလေးရှင်းတွေမှာ ပျံ့နှံ့နေကြောင်း ဗီယက်နမ်နိုင်ငံ ထိပ်တန်း ကွန်ပျူတာ လုံခြုံရေး ကုမ္ပဏီ BKAV ဇန်နဝါရီ ၂၈ ရက်နေ့ကတည်းက ပြောကြားခဲ့ပါတယ်။

 

ဗိုင်းရပ်စ်ကို Google Play ပေါ်က ပြက္ခဒိန်၊ ဓာတ်မီး၊  သံလိုက်အိမ်မြှောင် အစရှိတဲ့ အက်ပလီကေးရှင်းတွေမှာ ထည့်သွင်းထားတာဖြစ်ပါတယ်။ သုံးစွဲသူအနေဖြင့် ဗိုင်းရပ်စ် ထည့်သွင်းထားတဲ့ ၎င်းအက်ပီကလေးရှင်းကို ဖုန်းထဲ ထည့်သွင်းအသုံးပြုမိပါက ဖုန်းအသုံးပြုရ နှေးကွေးသွားပြီး ဗိုင်းရပ်စ်တစ်ခုခုဝင်ရောက် တိုက်ခိုက်ခံရသည့်ပုံစံမျိုး လုံခြုံရေး သတိပေးချက်တွေ ပေါ်လာကာ သုံးစွဲသူကို လိုက်ပါလုပ်ဆောင်ခိုင်းမှာ ဖြစ်ပါတယ်။ သုံးစွဲသူအနေနဲ့ အဆိုပါ သတိပေးချက်တွေအတိုင်း လိုက်ပါဆောင်ရွက်မိပါက Ghost Team ဗိုင်းရပ်စ်ဟာ စတင်အသက်ဝင်လာပြီး စမတ်ဖုန်းထဲက ဖေ့စ်ဘုတ်စကားဝှက်ကို ခိုးယူသွားမှာ ဖြစ်ပါတယ်။

 

၂၀၁၇ နှစ်ကုန်ပိုင်းမှာ ဗီယက်နမ်နိုင်ငံတွင် မိုဘိုင်းဖုန်း ၁၂၇ ဒသမ ၄ သန်းထိ တပ်ဆင်နိ်ုင်ခဲ့ပြီး အသုံးပြုသူအရေအတွက်ဟာ ၂၀၁၆ ခုနှစ်ကထက် ၂ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ဗီယက်နမ် ဆက်သွယ်ရေး အာဏာပိုင်များက ပြောပါတယ်။

 

ဗီယက်နမ်နိုင်ငံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ဝန်ကြီးဌာနက ကြိုတင်ငွေဖြည့်စနစ် အစီအမံများကို တင်းကျပ်လိုက်တာကြောင့် ၁၁၉ ဒသမ ၇ သန်းထိ ကျဆင်းသွားခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်း တစ်ရပ်အရ သိရပါတယ်။

 

MDN