ဝါရှင်တန် ၁၉  ဖေဖော်ဝါရီ

 

ဗီယက်နမ်ရှိ အမေရိကန်နှင့် မြောက်ကိုရီးယား အာဏာပိုင်များသည် ယခုလနှောင်းပိုင်းတွင် အရှေ့တောင်အာရှ နိုင်ငံအတွင်း၌ ကျင်းပရန် စီစဉ်ထားသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့၏ ဒုတိယအကြိ်မ် ထိပ်သီးအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

 

ခေါင်းဆောင်ကင်၏ ထိပ်တန်းလက်ထောက် ကင်ချန်ဆမ်ဦးဆောင်သည့် မြောက်ကိုရီးယားမှအဖွဲ့သည် ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းသို့ စနေနေ့တွင် ရောက်ရှိခဲ့သည်။ ထိပ်သီးအစည်းအဝေးကျင်းပရန် သတ်မှတ်ထားသည့် ဖေဖော်ဝါရီ ၂၇ ရက်နှင့် ၂၈ ရက်မတိုင်မီ ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

 

ကင်ချန်ဆမ်သည် ဗီယက်နမ်အာဏာပိုင်များနှင့် တွေ့ဆုံခဲ့ပြီး ခေါင်းဆောင်များ တည်းခိုနေထိုင်မည့် ဟိုတယ်များသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

အင်န်အိတ်ချ်ကေ