၁၅ မေ

 

ဗီယက်နမ်နိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၂၄ ဦး ရှိပြီး နိုင်ငံတစ်ဝှမ်း ကူးစက်ခံရသူ အရေအတွက် ၃၁၂ ဦး ရှိကြောင်းနှင့် သေဆုံးသူ မရှိကြောင်း ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနက ယနေ့မနက်ပိုင်းတွင် အတည်ပြုထုတ်ပြန်ခဲ့သည်။

 

ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၂၄ ဦးမှာ အသက် ၂၄ နှစ်မှ ၄၈ နှစ်ကြားရှိသူများဖြစ်ပြီး မေလ ၁၃ ရက်နေ့တွင် ရုရှားနိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ လေကြောင်းလိုင်းတစ်ခုတည်းဖြင့် ပြန်ရောက်လာသူများဖြစ်ကြောင်း နှင့် ထိုကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူများသည် မြောက်ပိုင်း ထိုင်းဘင် နှင့် ကွမ်နင်း ပြည်နယ်တို့တွင် ကုသမှုခံယူနေသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

ဗီယက်နမ်နိုင်ငံ၌ ယနေ့မနက်ပိုင်းတွင် ကိုဗစ်-၁၉ ကူးစက်ခံရမှုမှ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူပေါင်း ၂၆၀ ဦး  ရှိပြီး သီးသန့်ခွဲခြားစောင့်ကြည့်ခံရသူ အရေအတွက် ၁၂၀၀၀ ကျော်နှင့် ကူးစက်ခံရမှု သံသယရှိသူအရေအတွက် ၁၃၁ ဦး ရှိကြောင်း  ကျန်းမာရေးဝန်ကြီးဌာန ပြောကြားချက်အရ သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို