ဗီယက်နမ်တွင် ကိုဗစ်-၁၉ ရောဂါပိုးကင်းစင်သူ ၁၁ ဦး ထပ်မံရှိလာ

၅ မေ

 

ဗီယက်နမ်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု ဖြစ်ပွားရာမှ ထပ်မံ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၁၁ ဦးရှိရာ ကိုဗစ်-၁၉ ရောဂါပိုးကင်းစင်သူပေါင်း ၂၃၂ ဦး ရှိကြောင်း ၎င်းကျန်းမာရေးဝန်ကြီးဌာန ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။  

 

မြို့တော် ဟနွိုင်းရှိ အပူပိုင်းဒေသ ရောဂါများဆိုင်ရာ အမျိုးသားဆေးရုံတွင် အခြေအနေစိုးရိမ်ရသည့် အသက် ၈၈ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး နှင့် ယခင်ပြန်လည်ကောင်းမွန်လာပြီးနောက်ပိုင်း နောက်တစ်ကြိမ် ကိုဗစ်-၁၉ ရောဂါပိုး စမ်းသပ်တွေ့ရှိသူ နှစ်ဦး တို့ အပါအဝင် အားလုံး ကုသမှုခံယူခဲ့ကြသည်ဟု ဗီယက်နမ်သတင်းအေဂျင်စီက ယနေ့ သတင်းဖော်ပြခဲ့သည်။

 

ကိုဗစ်-၁၉ ရောဂါကင်းစင်သူ ၁၁ ဦးလုံးကို ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးနောက်  ၁၄ ရက်ကြာ အသွားအလာကန့်သတ်မှု ထပ်မံ ပြုလုပ်မည် ဖြစ်ကြောင်း ထိုအေဂျင်က ဖော်ပြထားသည်။

 

ကျန်းမာရေးဝန်ကြီးဌာန၏ ယနေ့မနက် အတည်ပြုသတင်းထုတ်ပြန်ချက်အရ ဗီယက်နမ်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၇၁ ဦး၊ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူမရှိကြောင်း၊ ကိုဗစ်-၁၉ သံသယရှိသူ ၁၃၁ ဦး ရှိကြောင်းနှင့် ၂၅၆၀၀ ကျော်ကို နေအိမ်၊ ကျန်းမာရေးဆိုင်ရာ အဆောက်အဦများတွင် သီးသန့်ခွဲခြားထားရှိသည်ဟု သိရသည်။ 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို