ရန်ကုန် ၂၈ စက်တင်ဘာ
ဗီယမ်နမ်-မြန်မာ နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ပွဲ “Vietnam-Myanmar : Traditional & Modern Colors” ကို ယနေ့ည (၇)နာရီက ရန်ကုန်မြို့ Melia Hotel ၌ ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ဇနီးတို့ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်းနှင့် ဗီယမ်နမ်နိုင်ငံ နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဗီယမ်နမ်နိုင်ငံ သံအမတ်ကြီး Dr.Luan Thuy Duong နှင့် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုတို့က နှုတ်ခွန်းဆက်စကားပြောကြားပြီး နှစ်နိုင်ငံ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။
ဆက်လက်၍ ဗီယမ်နမ်-မြန်မာ နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်ပွဲ အဖြစ် ဗီယမ်နမ်-မြန်မာ အနုပညာရှင်များက ယဉ်ကျေးမှု အနုပညာ၊ အကအလှ၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ယနေ့ကျင်းပသည့် ဗီယမ်နမ်-မြန်မာ နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ပွဲ “Vietnam-Myanmar :Traditional & Modern Colors” သို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့်ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံး ယာယီတာဝန်ခံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ကြသည်။
သတင်းစဉ်


