၆ နိုဝင်ဘာ

ဂျာမနီနိုင်ငံရဲတပ်ဖွဲ့က ဩစတြီးယားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဆက်နွယ်မှုရှိနိုင်ကြောင်း သံသယရှိတဲ့နေရာတွေကို ဒီနေ့ (သောကြာနေ့) မှာ ဝင်ရောက်စီးနင်း ရှာဖွေမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ 

ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ တနင်္လာနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး လူ လေးဦးကို ဂျာမနီနိုင်ငံမှာ ရှာဖွေရန်အတွက် အခုလို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တနင်္လာနေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း လူ လေး ဦးသေဆုံးခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကို ပြုလုပ်ခဲ့သူဟာ အသက် ၂၀ အရွယ် ဩစတြီးယား-မက်ဆီဒိုးနီးယား နိုင်ငံသား ကူချ်တင် ဖာဇူလီ ဖြစ်ကြောင်း နဲ့ တိုက်ခိုက်ခဲ့သူကို ရဲတပ်ဖွဲ့က အသေဖမ်းဆီးမိခဲ့ပါတယ်။ တိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး ၁၄ ဦးကို ဖမ်းဆီးထားကြောင်းသိရပါတယ်။ 

ဗီယင်နာက တိုက်ခိုက်သူတွေဟာ ဂျာမနီရှိ အစွန်းရောက်အဖွဲ့ကို ဆက်သွယ်ခဲ့ကြောင်း ဂျာမနီနိုင်ငံထုတ် မဂ္ဂဇင်းတစ်ခုမှာ အခုသီတင်းပတ်အစောပိုင်းက ဖော်ပြခဲ့ပါတယ်။ 

စုံစမ်းထောက်လှမ်းမှုများအရ ဆွစ်ဇာလန်နိုင်ငံမှာလည်း အသက် ၁၈ နှစ်နဲ့ ၂၄ နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသား နှစ်ဦးကို ဖမ်းဆီးထားကြောင်း ထုတ်ပြန်ထားပါတယ်။ 

MDN
ကိုးကား - AFP