၆ မတ်

ဂျပန်ဗိသုကာပညာရှင် အာရာတာ အိုင်ဆိုဇာကီဟာ ၂၀၁၉ ခုနှစ်အတွက် ပရစ်ကာ ဆု (Pritzker prize) ကိုရရှိပါတယ်။ Pritzker prize ဟာ ဗိသုကာပညာရပ်အတွက် နိုဘယ်ဆုလို့ သတ်မှတ်နိုင်တဲ့ အမြင့်ဆုံးဆု ဖြစ်ပြီး ဒီဆုဟာ ဗိသုကာပညာရှင်ရဲ့ ဘဝတစ်လျှောက်လုံး အလုပ်ကို ကြည့်ပြီး ပေးတာဖြစ်ပါတယ်။

 

mdn

 

အသက် ၈၇ နှစ်အရွယ် အိုင်ဆိုဇာကာ ဟာ အဆောက်အုံပေါင်း ၁၀ဝ ကျော်ကို ဆောက်လုပ်ခဲ့သူဖြစ်ပါတယ်။ ၁၉၉၂ ခုနစ်က စပိန်နိုင်ငံ ဘာစီလိုနားမှာ နွေရာသီ အိုလံပစ်အတွက် ဆောက်လုပ်ခဲ့တဲ့ ပါလူးစိန့် ဂျော်ဒီ အဆောက်အအုံ နှင့် အမေရိကန်နိုင်ငံ လော့အန်ဂျလိမှာ ရှိတဲ့ ခေတ်ပြိုင်အနုပညာ ပြတိုက်တို့ဟာ သူရဲ့ ပထမဦးဆုံး နိုင်ငံတကာက ကမ်းလှမ်းတဲ့ အဆောက်အအုံတွေဖြစ်ပါတယ်။

ဂျပန်နိုင်ငံက သူ့ရဲ့ မွေးရပ် အိုတိုင်း မှာလည်း ဆေးပညာဆိုင်ရာ အဆာက်အအုံနဲ့ စာကြည့်တိုက်တစ်ခု တို့ဟာလည်း သူရဲ့ လက်ရာတွေဖြစ်ပါတယ်။

 

mdn

 

အိုင်ဆိုဇာကာ ဟာ ၁၉၈၇ ခုနစ်က Pritzker prize ရရှိခဲ့တဲ့ ကန်ဇို တန်ဂျီးရဲ့ ဆိုရိုးစကားအတိုင်း သူ့ရဲ့ အလုပ်တွေ ဖြစ်မြောက်အောင် လုပ်ဆောင်တာ ဖြစ်တယ်။ အိုင်ဆိုဇာရဲ့ စိတ်ကျေနပ်တဲ့ပျော်ရွှင်မှုဟာ မတူတဲ့ အရာတွေကို လုပ်ဆောင်နေတာဖြစ်ပြီး တူညီတဲ့အလုပ်တွေကိုတော့ မလုပ်ချင်ဘူးလို့ သိရပါတယ်။

အိုင်ဆိုဇာကဟာ ၄၆ ကြိမ်မြောက် Pritzker prize ကိုရရှိခဲ့တာဖြစ်ပြီး၊ Pritzker prize ဆုရရှိသူ ဂျပန်ဗိသုကာပညာရှင်တွေထဲမှာ ၈ ယောက်မြောက် ဖြစ်ပါတယ်။ ဆုအဖြစ် ကြေးတံဆိပ်တစ်ခုနဲ့အတူ အမေရိကန်ဒေါ်လာ ၁ သိန်းရရှိမှာ ဖြစ်ပါတယ်။ ဆုပေးပွဲကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ မေလတွင် ကျင်းပမှာ ဖြစ်ပါတယ်။

 

mdn

 

၂၀၁၈ ခုနစ် ရဲ့ Pritzker prize ဆုရှင်က အသက် ၉၀ အရွယ် အိန္ဒိယနိုင်ငံသား ဘာခရစ်ရှနာ ဒိုရှီ ဖြစ်ပါတယ်။

MDN
ကိုးကား -AFP